Social, Education & Health
BRICS မီဒီယာ ခေါင်းဆောင်များ COVID-19 အလွန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
BRICS မီဒီယာဖိုရမ် ဦးဆောင်အဖွဲ့ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ပြီး ဖိုရမ်လုပ်ထုံးလုပ်နည်း တိုးတက်ရန်နှင့် BRICS မီဒီယာအကြား COVID-19 အလွန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် ပူးတွဲကြိုးပမ်းအားထုတ်မှုများကို အဖွဲ့ဝင်များက ကတိပြုခဲ့ကြောင်း သိရသည်။
COVID-19 တိုက်ဖျက်ရေးတွင် BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ လူမှုရေးဆိုင်ရာ တာဝန်ရှိမှုများကို ပြည့်ဝစွာဖြည့်ဆည်းလျက်ရှိပြီး BRICS အဖွဲ့ဝင်နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ချက်ကို မှတ်တမ်းတင်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများအကြား အပြန်အလှန် ကူညီထောက်ပံ့မှုနှင့် ပံ့ပိုးမှု လွယ်ကူချောမွေ့လျက်ရှိကြောင်း BRICS မီဒီယာဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ ဟဲဖိန်က ပြောခဲ့သည်။
BRICS မီဒီယာဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ၊ ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် ဟဲဖိန်အား BRICS မီဒီယာဖိုရမ် ဦးဆောင်အဖွဲ့
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာအတွင်း မမြင်တွေ့ခဲ့ဘူးသော အရေးပါသော ပြောင်းလဲမှုများကြားမှ BRICS မီဒီယာလုပ်ငန်းများအနေဖြင့် သမိုင်းကြောင်း ပြောင်းလဲမှုကို အမိအရဖမ်းဆုပ်သင့်ကြောင်းနှင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် “ပံ့ပိုးပေးသူများ” အဖြစ် ပြုမူသင့်ကြောင်း ဆင်ဟွာ သတင်းအေဂျင်စီ၏ ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ်လည်းဖြစ်သူ ဟဲက ဆိုသည်။
ဆင်ဟွာအနေဖြင့် ကပ်ရောဂါလျော့ပါးရေးအတွက် စိတ်ပိုင်းဆိုင်ရာတွန်းအား ထောက်ပံ့ရန်နှင့် အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးနှင့် စီးပွားရေး ပြန်လည်နိုးထရန်အတွက် အခြားသောနိုင်ငံများမှ မီဒီယာနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆန္ဒရှိကြောင်း ဟဲက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆိုပါ အစည်းအဝေးသို့ ဖိုရမ် ပူးတွဲသဘာပတိများအဖြစ် ဘရာဇီးနိုင်ငံ CMA Group ဥက္ကဋ္ဌ Jose Juan Sanchez ၊ ရုရှားနိုင်ငံ Rossiya Segodnya ပထမ ဒုတိယအယ်ဒီတာချုပ် Sergey Kochetkov ၊ အိန္ဒိယနိုင်ငံ The Hindu Publishing Group ညွှန်ကြားရေးမှူး Narasimhan Ram နှင့် Independent Media of South Africa အမှုဆောင်ဥက္ကဋ္ဌ Iqbal Surve တို့လည်း တက်ရောက်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် BRICS မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းရန်၊ BRICS အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်မှု လွယ်ကူစေရန်နှင့် ပိုမိုကောင်းမွန်သောကမ္ဘာကြီး တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန် မျှော်လင့်ချက်ကို ထည့်သွင်းပြောကြားခဲ့ကြသည်။BRICS မီဒီယာဖိုရမ်ကို ဆင်ဟွာ သတင်းအေဂျင်စီက အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တောင်အာဖရိက စသည့်နိုင်ငံများမှ အဓိကမီဒီယာများက ပူးတွဲဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)