Connect with us

Social, Education & Health

တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် နိုင်ငံခြားသားများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ Xuhui ခရိုင်အတွင်းရှိ COVID-19 ကာကွယ်ဆေးထိုးနှံရေး ရပ်ရွာအခြေပြုကျန်းမာရေးစင်တာတစ်ခုအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း၊မတ် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြူနီစီပယ်က လာမည့် မတ် ၂၉ ရက်မှ စတင်ကာ မြို့အတွင်းရှိ နိုင်ငံခြားသားများကို မိမိဆန္ဒအလျှောက် COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသဆိုင်ရာကျန်းမာရေးအာမခံချက်ထားရှိသော နိုင်ငံခြားသားများအနေဖြင့် တရုတ်နိုင်ငံသားများကဲ့သို့ ကာကွယ်ဆေးထိုးနှံခွင့် တူညီစွာကျင့်သုံးရေး မူဝါဒအရ ဆေးထိုးနှံခွင့် ရရှိကြမည်ဖြစ်ကြောင်း နှင့် ကျန်းမာရေး အာမခံချက်ထားရှိခြင်းမရှိသောနိုင်ငံခြားသားများအနေဖြင့် ဆေးတစ်ကြိမ်ထိုးစာ တရုတ်ငွေ ယွမ် ၁၀၀ (အမေရိကန် ၁၅ ဒေါ်လာ) ပေးဆောင်ရမည်ဖြစ်ကြောင်း ရှန်ဟိုင်းမြူနီစီပယ်ကျန်းမာရေးကော်မရှင်၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကာကွယ်ဆေးများမှာ တရုတ်ပြည်တွင်းထုတ် ကာကွယ်ဆေးများဖြစ်ပြီး လူတစ်ဦးလျှင် ဆေးနှစ်ကြိမ် ထိုးနှံရန် လိုအပ်ကြောင်း သိရသည်။

ဆေးထိုးနှံရန် အသက်အရွယ်ပြည့်မီသူများအနေဖြင့် ကျန်းမာရေးမိုးတိမ် “health cloud” ဟုအဓိပ္ပါယ်ရသော Jiankangyun အက်ပလီကေးရှင်းမှ တစ်ဆင့် ဆေးထိုးနှံရန်အတွက် အွန်လိုင်းအမည်စာရင်းပေးသွင်းမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ၊ အဆိုပါ နိုင်ငံခြားသားများအနေဖြင့် သတ်မှတ်ထားသောဆေးထိုးနှံရေး နေရာများသို့သွားရောက်၍ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သို့မဟုတ် အခြားသော ကိုယ်ရေးမှတ်တမ်းများကို ပြသပြီး ဆေးထိုးနှံမှုခံယူရန် လိုအပ်ကြောင်း သိရသည်။

ကြာသပတေးနေ့မှ စတင်ကာ ရှန်ဟိုင်းမြို့အတွင်းနေထိုင်းသည့် ဆေးထိုးနှံရန် ပစ်မှတ်ထား လူအုပ်စုဖြစ်သော အသက် ၆၀ နှစ်အထက် တရုတ်နိုင်ငံသား သက်ကြီးရွယ်အိုများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။ (Xinhua)
————————————
(English Version)
Shanghai to vaccinate foreigners against COVID-19

SHANGHAI, March 24 (Xinhua) — Shanghai Municipality will administer COVID-19 vaccines to foreigners in the city from March 29 on a voluntary basis.
Foreign citizens who are covered by the local health insurance program will enjoy the same policy as the insured Chinese people do, and those not covered will be charged 100 yuan (about 15 U.S. dollars) per dose, according to the municipal health commission.
The vaccines are domestically developed, and two doses will be administered to each recipient.
Those of an eligible age can make a reservation to be vaccinated via the app Jiankangyun, meaning “health cloud,” and need to show their passports or other identification documents at the designated sites.
Starting on Thursday, elderly Chinese people over 60 years of age in the city will be included in the target population for COVID-19 vaccination.
Photo taken on Jan. 7, 2021 shows a COVID-19 vaccination site at a community health center in Xuhui District, east China’s Shanghai. (Xinhua/Fang Zhe)