Connect with us

Social, Education & Health

ဟားအယ်ပင်းမြို့ နှစ်တစ်ရာသက်တမ်း လမ်းဟောင်းကြီးတွင် မီးရောင်စုံများဖြင့် ထွန်းလင်းနေ

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်း‌မြို့ ဗဟိုလမ်းရှိ ရှုခင်းသာနေရာတစ်ခုတွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဒီဇင်ဘာလ စတင်သည့်အချိန်မှစ၍ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့သည် ဆောင်းရာသီ ခရီးသွားကာလသို့ ဝင်ရောက်ခဲ့ရာ ဗဟိုလမ်းမကြီးထက်တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။ ဟားအယ်ပင်းမြို့၏ တောက်ပသော မြို့ပြအထင်ကရအမှတ်အသားအနေဖြင့် ဗဟိုလမ်းမကြီးသည် အရောင်အသွေးစုံလင်သော ဆန်းသစ်သည့်ရှုခင်းသာနှင့် မီးအလင်းရောင် အလှဆင်မှုများဖြင့် အထူးပင်လှပလျက်ရှိသည်။ ညအချိန်ကျရောက်လာချိန်တွင် မီးရောင်စုံများဖြင့် ထွန်းလင်းလာပြီး ခရီးသွားဧည့်သည်များက လာရောက်လည်ပတ်ရင်း ဒေသတွင်း တစ်မူထူးခြားသော ယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို အပြည့်အဝ ခံစားလျက်ရှိသည်။

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်း‌မြို့ ဗဟိုလမ်းရှိ အပူချိန်တိုင်းကိရိယာ ရှုခင်းသာနေရာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်း‌မြို့ ဗဟိုလမ်းရှိ “ဆီးနှင်းဖြင့် ဧည့်ကြိုပြီး မြင်းနှစ်ကို ကြိုဆိုခြင်း” ခေါင်းစဉ်ဖြင့် မီးအလင်းရောင် အလှဆင်မှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗဟိုလမ်းမကြီးကို ၁၈၉၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အရှည် ၁,၄၅၀ မီတာရှိသည်။ ၎င်းကို အောက်ခံကျောက်တုံးပေါင်း ၈၇၀,၀၀၀ ကျော်ဖြင့် စီစီရီရီ ခင်းကျင်းထားပြီး “နိုင်ငံစုံအဆောက်အဦ ပြတိုက်” ဟု တင်စားခေါ်ဝေါ်ကြသည်။ ထိုနေရာတွင် အနုပညာအသစ်လှုပ်ရှားမှု (Art Nouveau)၊ ဘားရော့ခ် (Baroque) စတိုင်၊ ရီနေးဆန့် (Renaissance) စသည့် ဥရောပစတိုင်များကို ပေါင်းစည်းထားပြီး လမ်းမထက်တွင် ခရီးသွားဧည့်သည်များက အမှတ်တရဓာတ်ပုံ ရိုက်ကူးနေကြရာ ရှေးဟောင်း အငွေ့အသက်များဖြင့် ကြိုင်လှိုင်လျက်ရှိသည်။ (Xinhua)

———————————–
(Chinese Version)
哈尔滨:漫步百年老街 徜徉流光溢彩冬日冰城
新华社照片,哈尔滨,2025年12月16日
12月以来,哈尔滨进入冬季旅游旺季,中央大街上游人如织。作为哈尔滨市闪耀的城市名片,中央大街在丰富多彩的创意景观与灯饰装饰下显得格外动人。夜幕降临,华灯初上,游人徜徉其中,尽享当地独特文化魅力。
中央大街始建于1898年,全长1450米,由87万多块“面包石”铺成,被誉为“万国建筑博物馆”,汇集了新艺术运动、巴洛克、文艺复兴等欧式风格的街路上,游人随意打卡即出片,复古与氛围感拉满。
图说1:12月16日,人们在哈尔滨中央大街一处景观前打卡拍照。 新华社记者 王松 摄
图说2:12月16日,人们经过哈尔滨中央大街上的一处温度计景观。新华社记者 王松 摄
图说3:这是哈尔滨中央大街上以“冰雪迎宾 瑞马迎新”为主题的创意灯饰(12月16日摄)。新华社记者 王松 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.