Connect with us

Social, Education & Health

ငါးများပျော်မွေ့ရာ တရုတ်-ရုရှားနယ်စပ်ရေကန်၌ ဆောင်းရာသီ ငါးဖမ်းခြင်း

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်ရှိ ရှင်းခိုင်ရေကန်၌ ကျင်းပသော ၂၀၂၆ ခုနှစ် ရှင်းခိုင်ရေကန် ဆောင်းရာသီ ငါးဖမ်းပွဲတော်၌ ဖမ်းဆီးရမိသော ငါးကြီးအား ပြသနေသည့် တံငါသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)၂၀၂၆ ခုနှစ် ရှင်းခိုင်ရေကန် ဆောင်းရာသီ ငါးဖမ်းပွဲတော်ကို ဇန်နဝါရီ ၁၇ ရက်က တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် တရုတ်-ရုရှားနယ်စပ်ရှိ ရှင်းကန်ရေကန်နံဘေး၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ လူများက ပွဲတော်ကျင်းပရာနေရာ၌ မီတာထောင်ချီရှိသော ငါးဖမ်းပိုက်ကွန်ကြီးအား ရေခဲပြင်မှ ထိုးဖောက်ဆယ်ယူရာတွင် ငါးပေါင်းသောင်းချီ ခုန်ပျံနေသည့် ခမ်းနားလှသောမြင်ကွင်းကို သက်သေထူရင်း နှစ်ထောင်ချီ လက်ဆင့်ကမ်းလာသည့် ဆူးရှန့်ငါးဖမ်းယဉ်ကျေးမှုနှင့် တရုတ်နိုင်ငံ မြောက်ပိုင်းနယ်စပ်ဒေသ ရေခဲဆီးနှင်းယဉ်ကျေးမှု၏ တစ်မူထူးခြားသော ဆွဲဆောင်မှုအားကို လက်တွေ့ခံစားနိုင်ပေသည်။

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်ရှိ ရှင်းခိုင်ရေကန်၌ ကျင်းပသော ၂၀၂၆ ခုနှစ် ရှင်းခိုင်ရေကန် ဆောင်းရာသီ ငါးဖမ်းပွဲတော်၌ တံငါသည်က ငါးပိုက်ကွန်အား ရေခဲပြင်ပေါ်သို့ ဆွဲတင်လာသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုအကြိမ် ဆောင်းရာသီငါးဖမ်းပွဲတော်တွင် “ယဉ်ကျေးမှု + အားကစား + ခရီးသွားလာမှု” ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ခြင်း အယူအဆကိုဖော်ဆောင်ကာ ကွင်းဆက်တစ်ခုလုံး အပြည့်အဝခံစားနိုင်သည့် အစီအစဉ်ကို အသေးစိတ်ဖန်တီးထားပြီး “ရေခဲဆီးနှင်းအရင်းအမြစ်” ကို “ရေပန်းစားသောလုပ်ငန်း” အဖြစ် ပြောင်းလဲလိုက်သည်။ (Xinhua)

———————————
(Chinese Version)
万鱼腾跃 在中俄界湖体验冬捕
新华社照片,哈尔滨,2026年1月17日
1月17日,2026兴凯湖冬捕节在中俄界湖兴凯湖畔启幕。人们在现场共同见证千米大网破冰而出,万鱼腾跃竞逐的震撼场景,感受传承千年的肃慎渔猎文化,体验北国边境冰雪文化独特魅力。
本届冬捕节以“文化+体育+旅游”融合发展为理念,精心打造全链条沉浸式体验矩阵,将“冷资源”转化为“热产业”。
1、1月17日,在2026年兴凯湖冬捕节现场,渔民展示冬捕的大鱼。 新华社记者 张涛 摄
2、1月17日,在2026年兴凯湖冬捕节现场,渔民将渔网拽出冰面。新华社记者 张涛 摄