Social, Education & Health
ရှင်းကျန်းဒေသတွင် အအေးလှိုင်းကိုရင်ဆိုင်ရန် ဌာနစုံက နွေးထွေးသော အကာအကွယ်လိုင်း ပူးတွဲတည်ဆောက်ထား
ဝူးလူမုချီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့ ဆားရီးပါးခဲ့ခရိုင်ရှိ လျင်ချင့်ဟင်းသီးဟင်းရွက်လက်ကားဈေးတွင် ဟင်းသီးဟင်းရွက်များ ရွေးချယ်ဝယ်ယူနေသော မြို့ခံများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းဆန်းတောင်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းတစ်ခွင်ကို မကြာသေးမီရက်များက အားကောင်းသော အအေးလှိုင်းတိုက်ခတ်ခဲ့ပြီး ရှင်းကျန်းဒေသ၊ အားလက်ထိုက်ဒေသခွဲ၊ ဖုယွင့်ခရိုင်၊ ထူအယ်ဟုန်ကျေးရွာစုတွင် အပူချိန်သည် အနုတ် ၄၇ ဒီဂရီစင်တီဂရိတ်အထိပင် ရှိသော အအေးလွန်အပူချိန်သို့ ကျဆင်းသွားခဲ့သည်။ လေနှင့်ဆီးနှင်းများအကြားတွင် ရှင်းကျန်းဒေသ ပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်၊ လူနေမှုဘဝ အာမခံရေးစသည့် ဌာနစုံသည် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး တာဝန်ယူမှုနှင့် တစိုက်မတ်မတ်တာဝန်ထမ်းဆောင်ခြင်းတို့ဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများကို လွှမ်းခြုံထားသည့် “နွေးထွေးသော အကာအကွယ်ကွန်ရက်” တစ်ခုကို ရက်လုပ်ကာ အအေးလွန်ရာသီဥတုတွင် လူနေမှုဘဝနွေးထွေးမှုကို မလျော့နည်းစေရန် ဆောင်ရွက်ခဲ့သည်။ (Xinhua)
———————–
新疆:多部门联动筑起寒潮中的温暖防线
新华社照片,乌鲁木齐,2026年1月21日
连日来,强冷空气席卷天山南北,新疆阿勒泰地区富蕴县吐尔洪乡更是降至零下47摄氏度极寒温度。风雪交加中,新疆交通、能源、民生保障等多部门协同作战,用责任与坚守编织起一张覆盖城乡的“温暖防护网”,让极寒天气里的民生温度不降温。
图说1:1月21日,工作人员在位于乌鲁木齐市沙依巴克区的凌庆蔬菜批发市场搬运蔬菜。 新华社记者 王菲 摄
图说2:1月21日,市民在位于乌鲁木齐市沙依巴克区的凌庆蔬菜批发市场选购蔬菜。新华社记者 王菲 摄
