Connect with us

Social, Education & Health

တရုတ်နွေဦးပွဲတော်အားလပ်ရက် ပထမနေ့ ခရီးသွားလာသူ ခရီးစဉ်အကြိမ်ရေ သန်း၂၈၀ ကျော် ရှိမည်ဟု ခန့်မှန်း

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျားရှင်းတောင်ဘက်ဘူတာတွင် ရထားဖြင့် ခရီးသွားမည့် ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နွေဦးပွဲတော်အားလပ်ရက်၏ ပထမနေ့ (ဖေဖော်ဝါရီ ၁၅ ရက်၊ နွေဦးပွဲတော်ခရီးသွားလာမှု ၁၄ မြောက်နေ့၊ တရုတ်ပြက္ခဒိန် ၁၂ လ ၂၈ ရက်) တွင် တစ်နိုင်ငံလုံး ဒေသဖြတ်ကျော်ခရီးသွားလာမှု ခရီးစဉ်အကြိမ်ရေ စုစုပေါင်း ၂၈၅.၉၂ သန်းအထိ ရောက်ရှိရန် ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနထံမှ ဖေဖော်ဝါရီ ၁၅ ရက်က သိရသည်။အထူးသဖြင့် အဝေးပြေးလမ်းမကြီးများပေါ်တွင် ခရီးသည်သွားလာမှု ခရီးစဉ်အကြိမ်ရေ ၂၆၈.၇၅ သန်းအထိ ရောက်ရှိရန် ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀.၈ ရာခိုင်နှုန်း တိုးလာသည်။ ယင်းတို့အနက် အမြန်လမ်းမကြီးများနှင့် နိုင်ငံနှင့် ပြည်နယ် သာမန် လမ်းမကြီးများပေါ်တွင် စီးပွားဖြစ်မဟုတ်သော ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ခရီးသွားသူ ခရီးစဉ်အကြိမ်ရေ ၂၃၀.၈ သန်းအထိ ရောက်ရှိရန် ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၁.၅ ရာခိုင်နှုန်း တိုးလာသည်။ အဝေးပြေးလမ်းမကြီးများပေါ်တွင် စီးပွားဖြစ်ခရီးသည်ယာဉ်ဖြင့် ခရီးသွားသူ ခရီးစဉ်အကြိမ်ရေ ၃၇.၉၅ သန်းအထိ ရောက်ရှိရန် ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၈ ရာခိုင်နှုန်း တိုးလာပေသည်။

တရုတ်နိုင်ငံ ပေကျင်း-ရှန်ဟိုင်း အမြန်လမ်းမ၊ ကျန်းဆူးပြည်နယ် ယန်ကျိုးမြို့အပိုင်းတွင် မော်တော်ကားများ ဖြတ်သန်းသွားလာနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရထားလမ်းဖြင့် ခရီးသည် ခရီးစဉ်အကြိမ်ရေ ၁၃.၉၅ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရေကြောင်းဖြင့် ခရီးသည် ခရီးစဉ်အကြိမ်ရေ ၈၅ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၈.၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ လေကြောင်းဖြင့် ခရီးသည် ခရီးစဉ်အကြိမ်ရေ ၂.၃၇ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
春节假期首日交通出行人数预计超2.8亿人次
新华社北京2月15日电(记者叶昊鸣)记者15日从交通运输部获悉,春节假期首日(2月15日,春运第14天,农历腊月二十八)预计全社会跨区域人员流动量为28592万人次,比2025年同期增长10.5%。
具体来看,公路人员流动量预计为26875万人次,比2025年同期增长10.8%。其中,高速公路及普通国省道非营业性小客车人员出行量预计为23080万人次,比2025年同期增长11.5%;公路营业性客运量预计为3795万人次,比2025年同期增长6.8%。
铁路客运量预计为1395万人次,比2025年同期增长4.3%;水路客运量预计为85万人次,比2025年同期增长28.1%;民航客运量预计为237万人次,比2025年同期增长6.4%。(完)
图说1:2月15日,旅客在铁路嘉兴南站乘车出行。新华社发(金鹏 摄)
图说2:2月15日,车辆行驶在京沪高速江苏扬州段(无人机照片)。新华社发(孟德龙 摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.