Social, Education & Health
ကျဲ့ကျန်းပြည်နယ်က နွေဦးနှင့် ဆောင်းဦးကာလ ကျောင်းပိတ်ရက်များ အကောင်အထည်ဖော် ဆောင်ရွက်သည့် တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်နယ် ဖြစ်လာ

ဟန်ကျိုး၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကျဲ့ကျန်းပြည်နယ်က မူလတန်းနှင့် အလယ်တန်းကျောင်းများအတွက် နွေဦးနှင့် ဆောင်းဦးကာလအတွင်း ကျောင်းပိတ်ရက်များ သတ်မှတ်ပေးသည့်စနစ်ကို ပြည်နယ်တစ်ခုလုံးတွင် အပြည့်အ၀ စတင်မိတ်ဆက်ကျင့်သုံးလိုက်ပြီဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်များအနက် အဆိုပါစနစ်ကို အကောင်အထည်ဖော်ကျင့်သုံးသည့် ပထမဆုံးပြည်နယ် ဖြစ်လာခဲ့ကြောင်း သိရသည်။
ကျဲ့ကျန်းပြည်နယ်အတွင်းရှိ မြို့ ၁၁ မြို့စလုံးတွင် အဆိုပါမူဝါဒကို လိုက်နာကျင့်သုံးဆောင်ရွက်ရန် တရားဝင်ညွှန်ကြားချက် စာရွက်စာတမ်းများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးဌာနက အောက်တိုဘာ ၁၁ ရက်၌ အတည်ပြုထုတ်ပြန်ခဲ့သည်။
နွေဦးနှင့်ဆောင်းဦးကာလ ကျောင်းပိတ်များကို အစဉ်အလာအရသတ်မှတ်ထားသည့် နွေရာသီနှင့် ဆောင်းရာသီအားလပ်ရက်များနှင့်ကွဲပြားခြားနားစွာ နွေဦးနှင့် ဆောင်းဦး နှစ်ဝက်စာသင်ကာလအတွင်း ကာလတိုပိတ်ရက်အဖြစ် စတင်မိတ်ဆက်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
နွေဦးနှင့် ဆောင်းဦးကာလ ကျောင်းပိတ်ရက်ပေးသည့်မူဝါဒကို ၂၀၀၄ ခုနှစ်တွင် ကျဲ့ကျန်းပြည်နယ်၏ မြို့တော် ဟန်ကျိုးမြို့၌ စမ်းသပ်ကျင့်သုံးမှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ထိုအချိန်မှစ၍ နွေဦးကာလ ကျောင်းပိတ်ရက်ကို အများအားဖြင့် မေဒေး (ကမ္ဘာ့အလုပ်သမားနေ့) ပိတ်ရက်နှင့် တစ်ဆက်တည်း ဖြစ်စေရန် ဧပြီလနှောင်းပိုင်းတွင် ချိန်ညှိသတ်မှတ်ခဲ့ကာ ဆောင်းဦးကာလကျောင်းပိတ်ရက်ကိုမူ အမျိုးသားနေ့ပိတ်ရက်နှင့်နီးသည့် စက်တင်ဘာလနှောင်းပိုင်း သို့မဟုတ် စနေ/တနင်္ဂနွေ ပိတ်ရက်များ နှင့်ဆက်၍ နိုဝင်ဘာလ၏ ဒုတိယလဝက်တွင် သတ်မှတ်ပေးခြင်းဖြင့် ပြောင်းလွယ်ပြင်လွယ် လုပ်နိုင် သော အချိန်ဇယားဖြစ်ပေါ်လာရန် ပြင်ဆင်မွမ်းမံမှုများ လုပ်ဆောင်နိုင်ခဲ့သည်။
ယခုမူဝါဒကို အကောင်အထည်ဖော်ကျင့်သုံးရာတွင် ပြည်နယ်အစိုးရဌာနပေါင်း တစ်ဒါဇင်အကြား ပူး ပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသဆိုင်ရာနှင့် ပညာသင်နှစ်ကာလ ကွဲပြားခြားနားမှုအပေါ်အခြေခံပြီး စိတ်ကြိုက်ဖန်တီးရေးဆွဲထားသော စီမံချက်များအတွက် ခွင့်ပြုချက်ပေးခြင်းများပါဝင်ကြောင်း ပြည်နယ် ပညာရေးဌာနအရာရှိတစ်ဦး၏ပြောကြားမှုအရ သိရသည်။
နွေဦးနှင့် ဆောင်းဦးကာလ ကျောင်းပိတ်ရက်သတ်မှတ်ပေးခြင်းသည် ကျောင်းသားကျောင်းသူများ၏ လေ့လာသင်ယူနိုင်သော အတွေ့အကြုံ ဗဟုသုတကို ကြွယ်၀တိုးတက်စေနိုင်သည်ဟု သဘောထားပေးခြင်းဖြင့် မိဘများနှင့် ဆရာများကလည်း ကျယ်ကျယ်ပြန်ပြန့်ထောက်ခံကြောင်း ပြသခဲ့ ကြသည်။ (Xinhua)
————————-
(English Version)
Zhejiang becomes first Chinese province to implement spring, autumn school holidays
HANGZHOU, Oct. 11 (Xinhua)
Zhejiang Province in east China has fully rolled out spring and autumn holidays for primary and secondary schools, marking the first time such a system has been implemented across an entire province in China.The provincial education department confirmed on Saturday that all 11 cities in Zhejiang had issued official documents to enforce the policy.
The spring and autumn holidays are short breaks introduced during the spring and autumn semesters, distinct from traditional summer and winter vacations.
The provincial capital Hangzhou initiated a trial in 2004, and the program has since been refined with flexible scheduling: the spring holiday typically aligns with late April to connect with the May Day holiday, while the autumn holiday is set in late September near the National Day holiday or in mid-to-late November alongside weekends.
The implementation involves collaboration among a dozen departments and allows for customized plans based on regional and academic differences, according to an official from the province’s education department.
Parents and educators have expressed broad support, noting the holidays’ potential to enrich students’ learning experiences. ■
Photo:
Students from the East China Normal University teach children to make paper hats at the Donghe Township central school in Donghe Township, Zhuji City of east China’s Zhejiang Province, July 1, 2025. (Xinhua/Xu Yu)