Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ တွန်းအားပေးဆောင်ရွက်မှုကြောင့် ဟဲ့လန်တောင်တန်းများတွင် နှင်းကျားသစ်အကောင်ရေ ပြန်လည်တိုးပွားလာ

ရီချွမ်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တစ်ချိန်တစ်ခါက ဒဏ္ဍာရီသဖွယ်အလား တည်ရှိနေသော ဟဲ့လန်တောင်တန်းများ၏ ဆိတ်ငြိမ်သော တောင်ကမ်းပါယံများမှာ ယခုအခါ ပြန်လည်သက်ဝင်လှုပ်ရှားလာပြီဖြစ်သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှ ရာစုနှစ်ဝက်ကျော်နီး ‌ပျောက်ဆုံးလုနီးပါးဖြစ်နေသော နှင်းကျားသစ်သည် သတိဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။တရုတ်သိပ္ပံပညာရှင်များနှင့် အာဏာပိုင်များသည် နှင်းကျားသစ်များ ပြန်လည်ရောက်ရှိရေးဟူသော အတင့်ရဲသည့် ထိန်းသိမ်းစောင့်ရှောက်ရေးအစီအမံတစ်ခုကို စတင်လိုက်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဒေသမျိုးရင်းအရေအတွက်ကို ပြန်လည်ထိန်းသိမ်းရုံမျှသာမက မြောက်ပိုင်းနှင့် တောင်ပိုင်း နှင်းကျားသစ်အကောင်ရေများ၏ တကွဲတပြားဖြစ်နေသော နေထိုင်ကျက်စားမှုများကို ပေါင်းကူးပေးမည့် အရေးပါသောစင်္ကြံတစ်ခု ထူထောင်ရန်လည်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ(ဟွေ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟဲ့လန်တောင်တန်း အမျိုးသားသဘာဝကြိုးဝိုင်းတွင် နှင်းကျားသစ်တစ်ကောင်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အခုဆိုရင် နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟဲ့လန်တောင်တန်းတွေမှာ ကျင်လည်ကျက်စားနေတဲ့ နှင်းကျားသစ်တွေ ခုနစ်ကောင်ရှိနေပြီ” ဟု နင်းရှ ဟဲ့လန်တောင်တန်း အမျိုးသားသဘာဝကြိုးဝိုင်းဦးစီးဌာနမှ ကျူးရာချောင်း က ကြောင်ကြီးမျိုးနွယ်ဖြစ်သည့် နှင်းကျားသစ်များ၏ လှုပ်ရှားမှုများကို ဖန်သားပြင်တွင် စောင့်ကြည့်ရင်း ပြောခဲ့သည်။ “တစ်ကောင်က သူ့ဘာသာသူရောက်လာတာ။ ကျန်တဲ့ခြောက်ကောင်ကတော့ ၂၀၂၁ ခုနှစ်ကတည်း ဒီမှာ ပြောင်းပြီးနေထိုင်ကြတာ”
တစ်ချိန်က နှင်းကျားသစ်များ အဓိကကျင်လည်ကျက်စားနေရာဖြစ်သည့် ဟဲ့လန်တောင်တန်းတွင် ၁၉၅၀ ပြည့်လွန်နှစ်များကပင် ယင်းမျိုးစိတ်များကို အတည်ပြုမြင်တွေ့ခဲ့ရခြင်းမရှိ‌‌ပေ။ ၁၉၈၈ ခုနှစ်တွင် ဟဲ့လန်တောင်တန်း အမျိုးသားကြိုးဝိုင်းကို တည်ထောင်ချိန်မှစ၍ အလှည့်အပြောင်း ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်မူ အပြာရောင်သိုးအကောင်ရေမှာ ၄၀,၀၀၀ ပြန်လည်တိုးပွားလာခဲ့ရာ ဂေဟဗေဒစနစ် ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာလည်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ(ဟွေ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟဲ့လန်တောင်တန်း အမျိုးသားသဘာဝကြိုးဝိုင်းတွင် နှင်းကျားသစ်တစ်ကောင်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အနီအောက်ရောင်ခြည်ကင်မရာက နှင်းကျားသစ် တစ်ကောင်၏ လျှပ်တပြက်ပုံရိပ်ကို ရိုက်ကူးမိခဲ့သည်။ “နှစ်ပေါင်း ၇၀ နီးပါးကြာပြီးတဲ့နောက်မှာ မယုံနိုင်ဖွယ်ရာပါပဲ” ဟု ကျူးက ပြန်လည်အောက်မေ့ပြောကြားခဲ့သည်။ “ဒီဓာတ်ပုံတစ်ပုံဟာ တောင်တန်းဟာအသင့်ဖြစ်နေပြီဆိုတာ အတည်ပြုပေးလိုက်သလို ကျွန်တော်တို့ရဲ့ နှင်းကျားသစ်ပြန်လည်ရောက်ရှိရေးစီမံကိန်းတစ်ခုလုံးကို အရှိန်မြှင့်ပေးလိုက်တာပါပဲ” (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/8SU
……………………………………..
(English Version)
China’s pioneering push to bring back snow leopard to Helan Mountains
YINCHUAN, Dec. 16 (Xinhua) — The silent cliffs of the Helan Mountains, once devoid of a legendary presence, are now being reclaimed. More than half a century after vanishing from northwestern China, the snow leopard is making a cautious comeback.
Chinese scientists and authorities have launched a bold conservation initiative to spearhead a groundbreaking reintroduction project. Their goal is not only to restore a local population but also to establish a vital corridor to bridge the fragmented habitats of the northern and southern snow leopard populations.
“A total of seven snow leopards now roam the Helan Mountains in the Ningxia Hui Autonomous Region,” said Zhu Yachao with the Ningxia Helan Mountains National Nature Reserve Administration, monitoring the movements of the big cats on a screen. “One arrived on its own, while the other six were relocated here since 2021.”
The Helan Mountains, once a stronghold for snow leopards, had not yielded a confirmed sighting of the species since the 1950s. The establishment of Helan Mountains National Nature Reserve in 1988 marked a turning point. By 2018, the blue sheep population had rebounded to 40,000, signaling the ecosystem’s recovery.
Then, in September 2020, an infrared camera trap captured a fleeting image of a snow leopard. “After nearly 70 years, it was unbelievable,” Zhu recalled. “That single image confirmed the mountains were ready, and it accelerated our entire reintroduction project.” xhtxs.cn/8SU
Photo 1, 2, 3, 4: This photo shows a snow leopard in Helan Mountains National Nature Reserve in northwest China’s Ningxia Hui Autonomous Region, Sept. 25, 2025. (Photo by Tian Runmin/Xinhua)
Photo 5: This photo shows a blue sheep in Helan Mountains National Nature Reserve in northwest China’s Ningxia Hui Autonomous Region, Nov. 24, 2025. (Photo by Wen Yue/Xinhua)