ပေကျင်း ၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းဌာနက ကျင်းပပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၁ ခုနှစ်၌ ဒေသန္တရ ကျန်းမာရေးစင်တာ တည်ဆောက်သည့် အတိုင်းအတာကို ပိုမိုတိုးချဲ့သွားမည်ဖြစ်ပြီး အနောက်အလယ်ပိုင်းဒေရှိ ဆေးဝါးကုသမှုအရင်းအမြစ် မလုံလောက်မှုရှိသည့် ပြည်နယ်များကို ထည့်သွင်းစမ်းသပ်မှုပြုလုပ်သွားမည်ဖြစ်ကာ ၂၀၂၂ ခုနှစ်...
ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်သူများအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရေး ပံ့ပိုးပေးလျက်ရှိကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ Mao Junfeng က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး ၂၁ မျိုးသည် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC)၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ဇွန် ၇ ရက် ယနေ့တွင် စတင်ကျင်းပမည့် တရုတ်နိုင်ငံ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၀.၇၈ သန်း ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ဟူပေ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ ဟူပေပြည်နယ်အနောက်ဘက်လမ်းအပိုင်း ဖြစ်သည့် ရီအန်းလမ်းအပိုင်းကို ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် ဖောက်လုပ်တည်ဆောက်ခဲ့ရာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားလာနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင်...
လာဆာ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သဘာဝပတ်ဝန်းကျင်အရ ကမ္ဘာပေါ်တွင် အကောင်းဆုံးနေရာများအနက် တစ်ခုအပါအဝင်အဖြစ် ဆက်လက် တည်ရှိနေပြီး ပြီးခဲ့သောနှစ်တွင် တည်ငြိမ်သောသဘာဝပတ်ဝန်းကျင် အရည်အသွေးအား ထိန်းသိမ်းထားကြောင်း ယနေ့ ဇွန် ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ခုအရ သိရသည်။
ပေကျင်း၊ဇွန် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအတွင်းရှိ မသန်စွမ်းကလေးငယ် ၆၇၆,၀၀၀ သည် ၂၀၁၈ ခုနှစ်မှစတင်ကာ အစိုးရဦးဆောင်သော ပြန်လည်ထူထောင်ရေးအစီအစဉ်မှ ပြန်လည်ထူထောင်ခြင်းဝန်ဆောင်မှုအထောက်အပံ့များကို ရရှိခံစားရကြောင်း တရုတ်မသန်စွမ်းသူများဖက်ဒရေးရှင်းက ယနေ့ ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြီးခဲ့သော ငါးနှစ်တွင် အကောင်းဆုံး ဖြစ်ခဲ့ကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနှံ့မေ ၃၀ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၆၃၉ သန်းကျော် ထိုးနှံပေးထားကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကလေးသုံးယောက် ရယူလိုသော စုံတွဲများအား ထောက်ပံ့သွားမည်ဟု ယနေ့ မေ ၃၁ ရက်တွင် ပြုလုပ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အစည်းအဝေးမှ သိရသည်။