ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် နေ့စဉ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုသပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူအသစ် အရေအတွက်မှာ ရောဂါကူးစက်မှုအသစ် ဖြစ်ပွားသူအရေအတွက်ထက် ၁၀ ရက်ဆက်တိုက်ပိုများလာခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ကျိန့်ကျိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ နောက်ထပ် နယ်မြေ ၁၄ ခုအား နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နယ်မြေများ စာရင်းမှ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဝူဟန့် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဓိက ဖြစ်ပွားရာနေရာဖြစ်သည့် ဝူဟန့် မြို့တွင် တရုတ်တိုင်းရင်းဆေးပညာဖြင့် ကုသပေးနေသည့် ယာယီဆေးရုံတစ်ခုသို့ တက်ရောက်ကုသမှုခံယူနေသော လူနာ ၂၃ ဦးသည် ပထမ အသုတ် အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်က...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၃၂,၄၉၅ ဦးထိရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၂၅ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအချိန်အတွင်း COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ မရှိခဲ့ကြောင်း သိရသည်။ ထိုနေ့တွင် ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသည့် လူနာ ၂၀...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ထျန်းကျင်း အပါအဝင် ပြည်နယ်အဆင့် ဒေသ ၂၃ ခုတွင် ဖေဖော်ဝါရီ ၂၄ ရက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 အသစ်ဖြစ်ပွားမှု မရှိကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဖေဖော်ဝါရီ ၂၅ ၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်က ပေကျင်းမြို့၌ ကျင်းပရာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ၊ သမ္မတ ရှီကျင့်ဖိန်တက်ရောက်၍ အရေးကြီးမိန့်ခွန်းစကား ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နေ့စဉ် နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ကုသပျောက်ကင်းသွားသော လူနာ နှင့် ဆေးရုံမှဆင်းခွင့်ရသော လူနာအရေအတွက်သည် ရောဂါကူးစက်ခံရသော လူနာအသစ် အရေအတွက်ထက် ၆ ရက်ဆက်တိုက် ပိုမိုများပြားခဲ့ကြောင်း အမျိုးသားကျန်းမာရေးကောင်မရှင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဆောင်ရှင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဆောင်ရှင်းမြို့ ဗဟိုဆေးရုံကြီး သီးခြားလူနာဆောင်တွင် တတ်ရောက်ဆေးကုသမှုခံယူနေသော အသက် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးသည် ရောဂါ သက်သာပျောက်ကင်း၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဝူဟန့်ကလေးဆေးရုံ၌ COVID-19 ရောဂါဖြစ်ပွားနေသည့် ကလေးငယ်များ သီးသန့်ထားရာ လူနာဆောင်ရှိ ကလေးငယ်များသည် ဆေးကုသရေးအကာအကွယ်ပစ္စည်းများ အထပ်ထပ်ဝတ်ထားသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့သည့်အခါ အစပိုင်းတွင် ကြောက်လန့်ပြီး ဆေးကုသရန် ငြင်းဆိုတော့သည်။ ၎င်းကလေးငယ်လေးများ မကြောက်ရအောင် ၊ဆေးကုသမှုအဆင်ပြေလွယ်ကူနိုင်အောင် ပန်းချီဆွဲခြင်းကို နှစ်သက်သည့် သူနာပြုဆရာမလေး ဝမ်ကျာက...