ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုကြောင့် အရေးတကြီးစွန့်ပစ်ရန်လိုသော ဆေးဘက်ဆိုင်ရာသုံး စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ မြို့သုံးမြို့မှလွဲ၍ ကျန်မြို့များအားလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူအသစ်မရှိကြောင်း၊ အချို့မြို့များ၌ ၁၂ ရက်ဆက်တိုက် ကူးစက်မှုလုံးဝမရှိမှတ်တမ်းကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းလုပ်ငန်းသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် လုံခြုံစိတ်ချ၍ ချောမွေ့သော လေကြောင်းသယ်ယူပို့ဆောင်မှု ဖြစ်စေရန် ပြီးပြည့်စုံသည့် ဆောင်ရွက်ချက်များ အကောင်အထည်ဖော်လျက်ရှိကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲမှု (CAAC) ၏ ပြောကြားချက်အရ သိရသည်။
ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံး ဆေးကုသရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်းများ လိုအပ်နေခြင်းကြောင့် နိုင်ငံအများစု၌ COVID-19 ရောဂါ ဖြေရှင်းနိုင်စွမ်းကို အကန့်အသတ် ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanomက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ မတ် ၄ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ ယာယီဆေးရုံများကို ဖြည်းဖြည်းချင်းလျှော့ချသွားရန်နှင့် ရောဂါအတွက် သတ်မှတ်ထားသော ဆေးရုံအရေအတွက်ကိုလည်း လျှော့ချသွားရန် မျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက မတ် ၃ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ် ၃ ရက်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအသစ် ၁၁၉ ရှိပြီး သေဆုံးသူ ၃၈ ဦးရှိကြောင်းကို အစီရင်ခံစာများ အသီးသီးရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဟန်ကျိုး ၊ မတ် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ် အခြေစိုက် ကုမ္ပဏီများသည် အခြားနိုင်ငံများ၌ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် အကာအကွယ်ပစ္စည်းများ လှူဒါန်းရေး အတွက် လိုက်လံ စည်းရုံးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက် အချိန်တစ်ရက်တည်းတွင် နှာခေါင်းစည်း အခုရေ ၁၁၆ သန်းထုတ်လုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်လုပ်နိုင်ခဲ့သော အရေအတွက်ထက် ၁၂ ဆ ပိုမိုများပြားခဲ့ကြောင်း ၊ ယင်းမှာ အမြင့်ဆုံး စံချိန်တင်...
ဝမ်ကျိုး ၊ မတ် ၁ ရက်(ဆင်ဟွာ) “ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှာ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေ အလုပ် လုပ်နေတဲ့ အချိန်မှာ ကျွန်မအနေနဲ့ ဘယ်လိုလုပ်ပြီး အနားယူနိုင်မလဲ”ဟု အရေးပေါ် ကုသရေး လုပ်ဆောင်ရင်း နာမကျန်း ဖြစ်ခဲ့ရသူ အသက် ၃၇ နှစ် အရွယ်...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် နေ့စဉ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုသပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူအသစ် အရေအတွက်မှာ ရောဂါကူးစက်မှုအသစ် ဖြစ်ပွားသူအရေအတွက်ထက် ၁၀ ရက်ဆက်တိုက်ပိုများလာခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။