ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုအား တားဆီးရန်အတွက် ဟူပေပြည်နယ်သို့ နိုင်ငံတစ်ဝှမ်းမှ ဆေးဘက် ဝန်ထမ်းပေါင်း ၆,၀၀၀ နီးပါး စေလွှတ်ခဲ့ကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်၏တာဝန်ပေးအပ်မှုဖြင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် ဦးဆောင်သည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်က ဝူဟန့်သို့ သွားရောက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ရှေ့တန်းက ပါဝင်ဆောင်ရွက်ကြသည့်...
နန်ချန်း ၊ ကျန်းရှီး ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(2019-nCoV) ရောဂါခံစားနေရသော လူနာတစ်ဦးသည် ရောဂါသက်သာလာ၍ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ဆေးရုံတစ်ရုံမှ ဇန်နဝါရီ ၂၇ ရက်တွင် ဆင်းခွင့်ရရှိခဲ့ပြီး ၎င်းသည် ပြည်နယ်အတွင်း ပထမဆုံးရောဂါပျောက်ကင်းသည့် ဝေဒနာရှင်တစ်ဦးဖြစ်လာသည်။
ဟန်ကျိုး၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်တာနက်လုပ်ငန်းကြီးဖြစ်သော အလီဘာဘာက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ပျံ့နှံ့မှုများကြောင့် ဆေးရုံများအခက်အခဲကို ဖြေလျှော့ရန် ကြိုးပမ်းမှုအဖြစ် အခမဲ့ အွန်လိုင်း ကျန်းမာရေးအကြံပြုဆွေးနွေးမှုဆိုင်ရာ ဝန်ဆောင်မှုများကို မိတ်ဆက်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဆင့်မြင့်စီးပွားရေးအစီအစဉ်က ဝူဟန်မြို့၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) တိုက်ဖျက်ရေးအတွက် ထောက်ပံ့ရန် ရန်ပုံငွေ ယွမ် သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်) ခွဲဝေသတ်မှတ်ထားကြောင်း သိရသည်။
ဝူဟန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်အဆိုးရွားဆုံးခံစားနေရသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ အရေအတွက် တိုးပွားလာသော လူနာများအတွက် ဆေးရုံပေါင်း၂၄ ရုံတွင် ကုသမှုပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်း မြို့တော်ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါခံစားရသည့် လူနာများတက်ရောက်ကုသရန် အထူးဆေးရုံတစ်ရုံအား ဖေဖော်ဝါရီ ၃ ရက်၌ စတင်အသုံးပြုနိုင်ရန် တည်ဆောက်နေကြောင်း သိရသည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) တစ်ခုအဖြစ် ကြေညာရန် စောလွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာ့လူဦးရေး အများဆုံး နိုင်ငံ ဖြစ်သော တရုတ် နိုင်ငံသည် နွေဦး ပွဲတော် သို့မဟုတ် တရုတ် နှစ်သစ်ကူး ကာလ မတိုင်မီ ၁၅ ရက် အလိုတွင် နှစ်စဉ် အကြီးမားဆုံး ခရီးသွားလာမှုအား ယနေ့ ဇန်နဝါရီ...
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက HPV ကင်ဆာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးမည့် ပထမဆုံး ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုး ကို ထောက်ခံ အတည်ပြုခဲ့ကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲမှုဌာန (NMPA) ၏ ထုတ်ပြန်ချက် အရသိရသည်။