ရှန်းယန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ၁၉၃၇ ခုနှစ်က ဂျပန်စစ်သားများကြောင့် လူပေါင်း ၃၀၀,၀၀၀ ခန့်သေဆုံးခဲ့ရသည့် နာမည်ဆိုးဖြင့် ကျော်စောသော နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအကြောင်း အသေးစိတ်အချက်အလက်များပါဝင်သည့် ဒိုင်ယာရီမှတ်တမ်း တစ်အုပ်အား တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Liaoning ပြည်နယ်၌ ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ပြသလိုက်ကြောင်း သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၈၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ အရပ်ဘက်အဖွဲ့များက အောက်မေ့ဖွယ် အခမ်းအနားများ ဂျပန်နိုင်ငံရှိမြို့များ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း”— ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင် ဗီဒီယို (Trailer) ကို ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။...
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်သည် အယ်လ်ဂျာဇီးယား မီဒီယာကွန်ရက် (Al-Jazeera Media Network) ယာယီဒါရိုက်တာ Mostefa Souag နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် ဒီဇင်ဘာလ ၆ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာလ ၁၈ ရက်တွင် ပေကျင်းမြို့၌ ပြုလုပ်သော ငါးကြိမ်မြောက် ထိုက်ဟူ ကမ္ဘာ့ယဉ်ကျေးမှုဖိုရမ် နှစ်ပတ်လည်ညီလာခံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) လာအိုတောင်ပိုင်းဒေသတွင် ဆည်ကျိုးကျမှုကြောင့် ရေဘေးဒုက္ခဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံအစိုးရက လာအိုနိုင်ငံအစိုးရအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီက ဇူလိုင်လ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရအဖွဲ့က လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး သုံးနှစ်စီမံကိန်းတစ်ခုအား ထုတ်ပြန်ခဲ့ရာတွင် လေထုအရည်အသွေး တိုးတက်ရေးအတွက် အချိန်ဇယားနှင့် လမ်းပြမြေပုံတို့ ပါဝင်ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ တွင် စာဖြေဆိုသူများ အတွက် တိတ်ဆိတ်ငြိမ်သက်မှုရှိစေရန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရာ နေရာ ၉၁ ခု အနီးရှိ ဘတ်စ်ကားလမ်းကြောင်း ၃၈၁ခု တွင် ဟွန်းတီးခြင်းများ မပြုလုပ်ရန် ပေကျင်းမြို့ ဘတ်စ်ကားမောင်းသူများအား သတိပေးထားကြောင်း သိရသည်။
ကျန်းရှီး ၊ မေ ၁ ရက် (ဆင်ဟွာ) အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခုကို ဒေါက်တာ လီယန် ( Li Yan) လက်ခံရရှိခဲ့ပါတယ်။ ဖုန်းပြောပြီးပြီးခြင်းမှာပဲ ဆရာဝန်ကြီးဟာ ဆေးသေတ္တာကို ပုခုံးထက်မှာလွယ်ရင်း သူ့စီးတော်ယာဉ် မော်တော်ဆိုင်ကယ်ကို စက်နှိုးလိုက်ပါတယ်။ လက်တစ်ဖက်တည်းသာရှိတဲ့ ဆရာဝန်ကြီးဟာ စီးတော်ယာဉ်ကို ကောင်းစွာ ထိန်းချုပ်မောင်းနှင်ရင်း...
ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကူးအပြောင်းမှ တစ်ခုဖြစ်သော အမျိုးသားကျန်းမာရေး ကော်မရှင်အား မတ်လ ၂၇ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။