Connect with us

Social, Education & Health

ဆေးကုသရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်းများ ပံ့ပိုးမှုကို ထပ်တိုးရန် WHO တိုက်တွန်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မတ် ၃ ရက်က ကျင်းပသည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanomအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) 

တစ်ကမ္ဘာလုံး ဆေးကုသရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်းများ လိုအပ်နေခြင်းကြောင့် နိုင်ငံအများစု၌ COVID-19 ရောဂါ ဖြေရှင်းနိုင်စွမ်းကို အကန့်အသတ် ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanomက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးတွင် လိုအပ်ချက်များပြားလာခြင်း၊ပစ္စည်းသိုလှောင်ခြင်းနှင့် မသင့်လျော်စွာ သုံးစွဲခြင်းများကြောင့် ဆေးသုံးလက်အိတ်၊ နှာခေါင်းစည်း၊ အသက်ရှုအထောက်အကူပြုကိရိယာ၊ မျက်မှန်၊ မျက်နှာဖုံးနှင့် ကာကွယ်ရေးဝတ်စုံစသည်တို့၏ ပံ့ပိုးမှုသည် လိုအပ်ချက်များရှိနေရာ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ အတွက် လုံလောက်သည့် ကာကွယ်မှုမရရှိနိုင်ခြင်းသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း Tedros Adhanomက မတ် ၃ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ လက်ရှိတွင် ဈေးကွက်ခြယ်လဲမှုများ ဆိုးဝါးလျက်ရှိရာ ကြိုတင်မှာယူမှုများသည်လည်း လအနည်းငယ်ကြာမှထုတ်လုပ်ပေးနိုင်မည်ဖြစ်သောကြောင့် နှာခေါင်းစည်းစသည့်ပစ္စည်းများ၏ ဈေးနှုန်းသည် ဆတိုးတက်လျက်ရှိကြောင်း သိရသည်။

WHO ခန့်မှန်းတွက်ချက်မှုများအရ COVID-19 ရောဂါကို ဖြေရှင်းရာတွင် တစ်ကမ္ဘာလုံး၌ လစဉ်  ဆေးရုံသုံး နှာခေါင်းစည်း ၈၉ သန်း  ၊ လက်အိတ် ၇၆ သန်းနှင့် ရောဂါကာကွယ်ရေး မျက်မှန် ၁.၆ သန်း လိုအပ်ကြောင်း Tedros Adhanomက ဆိုသည်။ တစ်ကမ္ဘာလုံး၏ ဆေးကုသသုံး အကာအကွယ်ပစ္စည်းလိုအပ်ချက်ကို ပံ့ပိုးရန် လက်ရှိထက် ၄၀ ရာခိုင်နှုန်း ထပ်တိုးရမည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ သက်ဆိုင်ရာ လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုပမာဏ အရေးပေါ်တိုးမြှင့်ကြရန် တိုက်တွန်းသလို နိုင်ငံအသီးသီးရှိ အစိုးရများကလည်း ဆေးကုသသုံးကာကွယ်ရေးပစ္စည်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း Tedros Adhanomက ပြောကြားခဲ့သည်။ 

WHO အနေဖြင့် ဆေးကုသသောနေရာများတွင် အသုံးပြုရမည့် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ပစ္စည်းထောက်ပံ့ရေးကွင်းဆက်ကို ထိရောက်စွာစီမံခန့်ခွဲခြင်း လမ်းညွှန်ချက်အား ထုတ်ပြန်ထားပြီဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများ၊ လုပ်ငန်းများနှင့် ပူးပေါင်းကာ ထောက်ပံ့ရေးပစ္စည်းထုတ်လုပ်မှုကို တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိရာ ရောဂါအခြေအနေ ဆိုးဝါးသည့် နိုင်ငံနှင့် ဒေသများ၏ ရောဂါကာကွယ်ရေးပစ္စည်းပံ့ပိုးမှုကို အာမခံချက်ရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း Tedros Adhanomက ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.