Sport
တရုတ်နိုင်ငံ ယန်ချင်းခရိုင်ရှိ ပေကျင်း ဆောင်းရာသီအိုလံပစ် စီမံကိန်း တည်ဆောက်မှု ၂၀၂၀ ပြည့်နှစ်အတွင်း ပြီးစီးမည်

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် ပြိုင်ပွဲကျင်းပမည့်ဇုန် သုံးခုအနက် တစ်ခုဖြစ်သော ယန်ချင်းခရိုင်ရှိ ပြိုင်ပွဲကျင်းပရာနေရာနှင့် အရန်နေရာ ၁၃ ခု တည်ဆောက်ခြင်းလုပ်ငန်းသည် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အလုံးစုံပြီးစီးမည်ဟုမျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက ဇွန် ၁၁ ရက်တွင် ပြောကြားလိုက်သည်။
National Alpine စကိတ်စင်တာနှင့် National Sliding စင်တာတို့၏ တည်ဆောက်မှုလုပ်ငန်းခွင်သည် ၉၀ ရာခိုင်နှုန်းနှင့် ၈၈ ရာခိုင်နှုန်း အသီးသီး ပြီးစီးသွားပြီဖြစ်သည်။ ဆောင်းရာသီအိုလံပစ်ကျေးရွာနှင့် Mountain News Center ကမူ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ကျန်းကျားခိုမြို့ရှိ ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားပွဲများ ကျင်းပရန် ရက်ပေါင်း ၁,၀၀၀ နောက်ပြန်ရေတွက်ခြင်း တင်ဆက်မှုပြုလုပ်နေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ National Speed Skating Oval တည်ဆောက်ရေးလုပ်ငန်းခွင်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဇွန်လကုန်ပိုင်းတွင် ပေကျင်း-ကျန်းကျားခို အမြန်ရထားလမ်း၏ ယန်ချင်းဘူတာအဖြစ် အသုံးပြုမည့် Transfer center တည်ဆောက်ခြင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ Transfer center သည် အမြန်ရထား၊ မြို့ပြရထားလမ်း၊ ဘတ်စ်ကား၊ အငှားယာဉ်၊ စက်ဘီးနှင့် ကားရပ်နားရန်နေရာများ စုပေါင်းထားသည့် ဘက်စုံ အချက်အခြာနေရာတစ်ခုဖြစ်ကြောင်း ယန်ချင်းခရိုင် အစိုးရက ပြောခဲ့သည်။ယင်း နေရာတည်ဆောက်မှုပြီးစီးပါက အမြန်ရထားလမ်းဖြင့် ပေကျင်းမြို့လယ်မှ ယန်ချင်း ဘူတာရုံအထိ မိနစ်သုံးဆယ်သာ ကြာမြင့်မည်ဖြစ်သည်။ (Xinhua)