Connect with us

Sport

တရုတ်နိုင်ငံတွင် ၂၀၂၃ AFC အာရှဖလားအတွက် ဘောလုံးကွင်း ၆ ကွင်း တည်ဆောက်လျက်ရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အလုပ်သမား အားကစားရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ၂၀၂၃ AFC အာရှဖလားအတွက် အသုံးပြုရန် ဘောလုံးကွင်း ၆ ကွင်းကို တည်ဆောက်နေပြီဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ပြင်ဆင်ရေးရုံးက ဇူလိုင် ၁၀ ရက်တွင် ပြောကြားလိုက်သည်။

၂၀၂၃ အာရှဖလားအား ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်မှ ဇူလိုင် ၉ ရက်အထိ တစ်လတာကျင်းပမည့် အားကစားပွဲအတွင်း အာရှတိုက်ရှိ အကောင်းဆုံးအသင်း ၂၄ သင်းက ယှဉ်ပြိုင်ကစားပြမည် ဖြစ်သည်။  တရုတ်နိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် ၁၃ ကြိမ်မြောက် အာရှဖလားကို လက်ခံကျင်းပခဲ့ပြီး

၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အာရှထိပ်တန်း ဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပရခြင်းလည်း ဖြစ်သည်။

၂၀၂၃ အာရှဖလားကို တရုတ်နိုင်ငံရှိ ပေကျင်းနှင့် ရှန်ဟိုင်း အပါအဝင် မြို့ကြီး ၁၀ မြို့တွင် လက်ခံကျင်းပသွားမည် ဖြစ်ပြီး ပေကျင်းမြို့၌ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအား ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ချုံချင့်၊ ရှီးအန်း၊ ရှမန်၊ ဆူးကျိုး၊ ရှန်ဟိုင်းနှင့် ချန်တူး စသည့် မြို့ခြောက်မြို့တွင် အားကစားပွဲအတွက် ဘောလုံးကွင်းများ တည်ဆောက်မှု စတင်လျက်ရှိသည်။ တာ့လျန်မြို့နှင့် ချင်းသောင်မြို့များတွင်မူ ဘောလုံးပြိုင်ပွဲဆိုင်ရာစီမံကိန်းများကို စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလ အစောပိုင်း၌ စတင်သွားမည် ဖြစ်သည်။ ထို့ပြင် ပေကျင်းမြို့ရှိ အလုပ်သမား အားကစားရုံနှင့် ထျန်းကျင်းမြို့ရှိ Teda ဘောလုံးကွင်းတို့အား ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်း၌ ပရော်ဖက်ရှင်နယ်ဘောလုံးကွင်းများအဖြစ် စတင်ပုံစံပြောင်းသွားမည်ဟု သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117