Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ဘောလုံးအထူးပြုကျောင်းပေါင်း ၂၀,၀၀၀ တရုတ်တည်ဆောက်မည် - Xinhua News Agency
Connect with us

Sport

ဘောလုံးအထူးပြုကျောင်းပေါင်း ၂၀,၀၀၀ တရုတ်တည်ဆောက်မည်

တရုတ်နိုင်ငံရှိမူလတန်းကျောင်းတစ်ခုတွင်ကလေးငယ်များဘောလုံးကစားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံရှိမူလတန်းကျောင်းတစ်ခုတွင်ကလေးငယ်များဘောလုံးကစားနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိင်ငံအနေဖြင့် ဘောလုံးအားကစား အရည်အသွေး တိုးတက်စေရန်အတွက် ပညာရေးဝန်ကြီးဌာနသည် မူလတန်းနှင့် အလယ်တန်းကျောင်းပေါင်း ၂၀,၀၀၀ တွင် ဘောလုံးအားကစား ပညာရပ်ကို အထူးအစီအစဉ်ဖြင့် တိုးချဲသင်ကြားပေးမည် ဖြစ်ပါသည်။ ၎င်းစီမံချက်ကို ၂၀၁၇ တွင်အပြီးအစီး အကောင်အထည်ဖော်ရမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် ဘောလုံးအထူးပြု ကျောင်းများ တည်ဆောက်ရန်အတွက် နိုင်ငံပေါင်း ၃၀ ကျော်ကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရေပန်းစားသည့် ဘောလုံးအသင်းများ ၏ ကြိုးပမ်းမှုများ တိုးတက်လာစေရန်နှင့် ဖောင်ဒေးရှင်း အတွက် အရည်အသွေးပြည့်သည့် ဘောလုံးကစားသမား များ ပေါ်ထွက်လာရန် ရည်ရွယ်သည်။

အထက်တန်းကျောင်းမှ ဆယ်ပုံတစ်ပုံ၊ အငယ်တန်းကျောင်း (၇ နှစ်မှ ၁၁ နှစ်အထိ) မှ ဆယ်ပုံသုံးပုံနှင့်၊ ဆယ်ပုံ ၆ ပုံသည် မူလတန်းကျောင်းမှ ပါဝင်မှာဖြစ်သည်။ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း များ မှလည်း ပါဝင်မှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြောသည်။

ဘောလုံး အထူးပြုကျောင်းများ အတွက် ပျော်ရွှင်မှုများရရှိစေရန် သင်ကြားခြင်းများ၊ အခြားနယ်ပယ် မှ ငွေကြေးထောက်ပံ့ခြင်းများလည်း ရှိမှာဖြစ်သလို မူဝါဒများ လည်း ချမှတ်ဆောင်ရွက် သွားမှာဖြစ်ကြောင် ပညာရေး ဝန်ကြီးဌာန မှပြောသည်။

တရုတ်အမျိုးသားဘောလုံးအသင်း၏ မကြာသေးသောနှစ်တွင် ရှက်စရာကောင်းသည့် စွမ်းဆောင်မှု များကြောင့် ယခုကဲ့သို့ တုန့်ပြန်ရခြင်းဖြစ်သည်။ ၁၂ နှစ်တိုင်တိုင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား အမျိုးသား ဘောလုံးအဖွဲ့မှ လွဲချော်ခဲ့ခြင်းအတွက် တရုတ်ဘောလုံး အားပေးသူများ အနေဖြင့် အားမလို အားမရ ဖြစ်ခဲ့ကြသည်။

သြစတြီးယားနိုင်ငံတွင် ကျင်းပသည့် အာရှဖလား ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲတွင် ဆော်ဒီ အာရေးဘီးယားမှ နိုင်ခဲ့ပြီး၊ အုဇ်ဘာ ကစ်စတန် (Uzbekistan) အုပ်စုဘီ သို့တက်ခဲ့ပြီး တရုတ် အနေနှင့် တော့ အစွမ်းအစ ထုတ်ပြနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.