Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ပူးပေါင်းဆောင်ရွက်မှု စာချုပ်သစ်ချုပ်ဆို - Xinhua News Agency
Connect with us

Sport

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ပူးပေါင်းဆောင်ရွက်မှု စာချုပ်သစ်ချုပ်ဆို

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဌ ဘလတ္တာ နှင့် တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ချိုင်ကျင့်ဟွာ (Cai Zhenhua) တို့ အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဆွစ်ဇာလန် ဇူရစ် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ချိုင်ကျင့်ဟွာ (Cai Zhenhua) နှင့် အဖွဲ့ဝင်များ တို့သည် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဌ ဘလတ္တာ နှင့် အထွေထွေ အတွင်းရေးမှူးချုပ် ဝေါကာ တို့နှင့် တွေ့ဆုံ ခဲ့ပြီး ၂၀၁၅ ခုနှစ် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ကို မေလ ၂၇ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ ဇူရစ် မြို့ရှိ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ရုံးချုပ်တွင် လက်မှတ်ရေး ထိုးခဲ့ကြသည်။

၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ တရုတ် ဘောလုံး အဖွဲ့ချုပ်နှင့် ပထမ ဆုံးအကြိမ် နည်းပညာ ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ် ဆိုခဲ့သည်။ FIFA မှ တရုတ် နိုင်ငံတွင် လေ့ကျင့်ရေး နှင့် သင်တန်း ပ့ိုချမှုပေါင်း အကြိမ် ၁၃၀ ပြုလုပ်ခဲ့သည်။ နည်းပြ ၊ ဒိုင်လူကြီး ၊ အမျိုးသမီး ဘောလုံး ၊ လူငယ် လေ့ကျင့်ရေး ၊ သတင်းကဏ္ဍ ၊ စီးပွားရေး ကဏ္ဍ ၊ ပြိုင်ပွဲ စနစ် ၊ အုပ်ချုပ်မှု ပိုင်းဆိုင်ရာ စသည့် အခြေခံ ဘောလုံး အားကစား နယ်ပယ်မှ အားကစား သမားနှင့် ပညာရှင်ပေါင်း ၉၆၈၉ ယောက်ကို သင်တန်း ပို့ချပေးခဲ့သည်။

နှစ်ဘက် ချုပ်ဆို ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း အသစ်ကို တရုတ်ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ကိုယ်တိုင် ချုပ် ဆိုခဲ့ခြင်းသည် နှစ်ဘက် အဖွဲ့အစည်းမှ ဤ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း အပေါ် အလေးထားမှုကို ပေါ်လွှင် စေကြောင်း တရုတ် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူမှ ပြောကြား ခဲ့သည်။

တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ချိုင်ကျင့်ဟွာမှ တရုတ် နိုင်ငံ ဘောလုံး အားကစား တိုးတက်ရေး ပြုပြင်ပြောင်းလဲမှု စာတမ်း ပါ အကြောင်းအရာ များ ကို ရှင်းလင်းပြောကြားခဲ့သည်။ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဘလတ္တာမှ တရုတ် အမျိုးသမီး ဘောလုံး အသင်း အနေဖြင့် ကနေဒါတွင် ကျင်းပ သော အမျိုးသမီး ကမ္ဘာ့ဖလား ဝင်ရောက် နိုင်ခဲ့သည့် အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ၊ နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲ များတွင် တရုတ် အသင်းအား ပိုမို မြင်တွေ့လိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)