Connect with us

Sport

တရုတ်နိုင်ငံ၏ ၁၂ ကြိမ်မြောက် အမျိုးသား မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ၉ ကြိမ်မြောက် အထူးအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်သိမ်း

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ တရုတ်နိုင်ငံ၏ ၁၂ ကြိမ်မြောက် အမျိုးသား မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ၉ ကြိမ်မြောက် အမျိုးသားအထူးအိုလံပစ်အားကစားပြိုင်ပွဲတို့၏ ပိတ်သိမ်းပွဲအခမ်းအနားအတွင်း ဖျော်ဖြေတင်ဆက်နေကြသည့် အနုပညာရှင်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၁၂ ကြိမ်မြောက် မသန်စွမ်းသူများအတွက် အမျိုးသားအားကစားပြိုင်ပွဲနှင့် ၉ ကြိမ်မြောက် အမျိုးသား အထူးအိုလံပစ်အားကစားပြိုင်ပွဲများကို ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ဒီဇင်ဘာ ၁၆ ရက်၌ ကျင်းပပြီးစီးခဲ့သည်။အဆိုပါအားကစားပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပပြီးစီးပိတ်သိမ်းကြောင်းကို နိုင်ငံတော်ကောင်စီဝင် Shen Yiqin က ကြေညာခဲ့ခြင်းဖြစ်သည်။ယင်းသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဧရိယာ၏ ဒေသသုံးခုမှ အဆိုပါအားကစားပြိုင်ပွဲနှစ်ခုကို ပူးတွဲကျင်းပသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ အဆိုပါအားကစားပြိုင်ပွဲနှစ်ခုလုံးကို အမျိုးသားအားကစားပြိုင်ပွဲများအဖြစ် တစ်မြို့တည်း၊ တစ်နှစ်တည်း၌ ဒုတိယအကြိမ် ကျင်းပခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအားကစားပြိုင်ပွဲများတွင် အားကစားနည်း ၄၆ မျိုး ပါဝင်ခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ ၃၄ ဖွဲ့မှ အားကစားသမား ၇,၈၂၄ ဦး မှတ်ပုံတင်ခဲ့သည်။ အဆိုပါအားကစားပြိုင်ပွဲများအတွင်း ကမ္ဘာ့စံချိန် ၁၅ ခုနှင့် အမျိုးသားစံချိန် ၁၅၆ ခုကို ချိုးဖျက်နိုင်ခဲ့သည်။

ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူး Chang Zheng က အဆိုပါပြိုင်ပွဲများသည် မသန်စွမ်းများအတွက် အားကစားတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို မီးမောင်းထိုးပြခဲ့ပြီး ၂၀၂၆ ခုနှစ် အာအိချိ-နာဂိုယာ အာရှမသန်စွမ်းအားကစားပြိုင်ပွဲနှင့် ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် မသန်စွမ်း အားကစားပြိုင်ပွဲများတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုအတွက် ခိုင်မာသော အုတ်မြစ်ချပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အမျိုးသား မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ၁၀ ကြိမ်မြောက် အမျိုးသား အထူးအိုလံပစ်အားကစားပြိုင်ပွဲများကို ၂၀၂၉ ခုနှစ်တွင် ဟူနန်ပြည်နယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………
(English Version)
China’s 12th National Games for Persons with Disabilities, 9th Special Olympics close
SHENZHEN, Dec. 15 (Xinhua) — China’s 12th National Games for Persons with Disabilities and the 9th National Special Olympic Games concluded on Monday in Shenzhen, Guangdong Province.
State Councilor Shen Yiqin declared the Games closed.
It marked the first time that the two Games have been co-hosted by the three regions of the Guangdong-Hong Kong-Macao Greater Bay Area. It was also the second time that both Games took place in the same city and year as the National Games.
Held from December 8 to 15, the Games featured 46 sports, with a total of 7,824 athletes from 34 delegations registered. 15 world records and 156 national records were broken during the Games.
Chang Zheng, deputy director of the organizing committee, said the Games have highlighted China’s achievements in sports for people with disabilities and laid a solid foundation for the country’s participation in the 2026 Aichi-Nagoya Asian Para Games and 2028 Los Angeles Paralympic Games.
China’s 13th National Games for Persons with Disabilities and the 10th National Special Olympic Games will be hosted by Hunan Province in 2029. ■
English Caption
Artists perform during the closing ceremony of China’s 12th National Games for Persons with Disabilities and the 9th National Special Olympic Games in Shenzhen, south China’s Guangdong Province, Dec. 15, 2025. (Xinhua/Sun Fei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.