ASEAN
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အပါအဝင် အချို့ဒေသများတွင် ကိုဗစ်ထိန်းချုပ်မှု ကန့်သတ်ချက် သက်တမ်းတိုးမည်ဟု ထုတ်ပြန်ကြေညာ
ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
မလေးရှားနိုင်ငံအစိုးရက ကွာလာလမ်ပူမြို့တော် နှင့် အခြားဒေသများတွင် COVID-19 ရောဂါ ကူးစက်မှု အဆက်မပြတ် တွေ့ရှိနေရသဖြင့် ယင်းဒေသများတွင် ကိုဗစ်ထိန်းချုပ်မှုများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလလယ်ပိုင်း ထိ သက်တမ်းတိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း က ဒီဇင်ဘာ ၂၈ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။
မလေးရှားနိုင်ငံတွင် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး တာဝန်ယူဆောင်ရွက်နေသည့် ကာကွယ်ရေး ဝန်ကြီး ဌာနဝန်ကြီး Ismail Sabri Yaakob က မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ အန္တရာယ်ဖြစ်နိုင်ခြေ ခန့်မှန်းချက်များအရ ကွာလာလမ်ပူ ၊ဆီလန်ဂေါပြည်နယ် နှင့် ဆာဗားပြည်နယ် တို့တွင် COVID-19 ရောဂါ ကူးစက်ခံရသည့် လူဦးရေ မှာ လျင်မြင်စွာ မြင့်တက်လာခဲ့ကြောင်း ၊ လူအစုလိုက် ကူးစက်မှု ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သောကြောင့် အစိုးရအနေဖြင့် ဒီဇင်ဘာ ၃၁ ရက် တွင် သက်တမ်း ကုန်းဆုံးမည့် ကွာလာလမ်ပူ ၊ Selangor ပြည်နယ် နှင့် Sabah ပြည်နယ် အပေါ် ထိန်းချုပ်မှု ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက် အထိ တိုးမြှင့်သွားရန် ဆုံးဖြတ်လိုက်ကြောင်း ၊ ကန့်သတ်ချက်များတွင် ပြည်သူများအနေဖြင့် နယ်ကျော်ဖြတ်သန်း သွားလာခြင်း မပြုလုပ်ရန် ၊ ကျောင်းများအားလုံးကို ပိတ်ထားရန် တို့ပါဝင်သော်လည်း စီးပွားရေးလုပ်ငန်းအများစု မှာ ပုံမှန် အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း နှင့် ပြည်သူများအနေဖြင့် လူစုလူဝေး ပြုလုပ်၍ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခြင်းကို ခွင့်မပြုကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြား ခဲ့သည်။
မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မလေးရှားနိုင်ငံ ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၅၉၄ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၆,၆၉၀ ရှိလာကြောင်း ၊ သေဆုံးသူစုစုပေါင်း ၄၅၅ ဦးရှိခဲ့ပြီး ရောဂါမှ ပြန်လည် သက်သာလာသူ ၈၅,၅၉၂ ဦးရှိကြောင်း ၊ COVID-19 ရောဂါ အသစ် ထပ်မံကူးစက်ခံရသူများအနက် လူပေါင်း ၉၀၀ ခန့် သည် ကွာလာလမ်ပူ နှင့် အနီးအနားရှိ ဆီလန်ဂေါပြည်နယ်တို့မှ ဖြစ်ကြကြောင်း သိရသည်။ (Xinhua)
———————————————–
(Chinese Version)
(国际疫情)马来西亚宣布延长吉隆坡等地行动管制措施
新华社吉隆坡12月28日电(记者林昊 郁玮)马来西亚政府28日宣布,鉴于首都吉隆坡等地持续出现新冠确诊病例,决定将这些地区的行动管制措施延长至2021年1月中旬。
负责协调疫情管控措施的国防部长伊斯梅尔•萨布里•雅各布当天表示,根据卫生部门的健康风险评估,吉隆坡、雪兰莪州、沙巴州的确诊病例数依然在快速增长,且持续出现新的群体感染事件,因此政府决定将吉隆坡、雪兰莪州和沙巴州原定12月31日到期的“有条件行动管制令”延长至2021年1月14日,具体措施包括限制民众跨区域出行、关闭学校等场所,但大部分经济活动仍可照常进行。此外,政府不允许举行人群聚集的跨年庆祝活动。
据马卫生部28日发布的疫情数据,该国过去24小时新增新冠确诊病例1594例,累计确诊106690例;累计死亡455例;累计治愈85592例。新增确诊病例中,近900例来自吉隆坡和相邻的雪兰莪州。(完)
Photo
新华社照片,吉隆坡,2020年12月28日
(国际疫情)(4)马来西亚宣布延长吉隆坡等地行动管制措施
12月28日,在马来西亚吉隆坡,人们戴着口罩过马路。
马来西亚政府28日宣布,鉴于首都吉隆坡等地持续出现新冠确诊病例,决定将这些地区的行动管制措施延长至2021年1月中旬。
新华社发(张纹综摄)