Connect with us

ASEAN

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၄,၈၄၆,၄၂၇ ဦး ၊ သေဆုံးသူ ၈၀,၀၀၀ နီးပါးရှိ 

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရန် Swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) 

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၉၂,၀၇၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁,၁၃၆ ဦး ရှိခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

နိုင်ငံအတွင်း COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၄,၈၄၆,၄၂၇ ဦးထိ မြင့်တက်လာပြီး သေဆုံးသူ အရေအတွက်မှာ ၇၉,၇၂၂ ဦးထိ မြင့်တက်လာခဲ့ကြောင်းလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

နိုင်ငံတစ်ဝှမ်း၌ COVID-19 အတည်ပြုလူနာပေါင်း ၉၈၆,၅၉၈ ဦး ကျန်ရှိနေဆဲ ဖြစ်ပြီး ၃,၇၈၀,၁၀၇ ဦးမှာ ရောဂါသက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ကြပြီ ဖြစ်ကြောင်း သိရသည်။ 

COVID-19 ဓာတ်ခွဲ စစ်ဆေးမှုများအား စက်တင်ဘာ ၁၄ ရက်အတွက် ဓာတ်ခွဲနမူနာ ၉၇၈,၅၀၀ ခုအား စစ်ဆေးခဲ့ပြီး အိန္ဒိယနိုင်ငံတစ်ခုလုံးအနေဖြင့် စက်တင်ဘာ ၁၄ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၇,၂၃၉,၄၂၈ ခုအား စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) ထံမှ သိရသည်။

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် နေ့စဉ်တွေ့ရှိမှုအရ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ထိခိုက်ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ပြီးခဲ့သော ရက်သတ္တပတ်တွင် ပျမ်းမျှ နေ့စဉ် ရောဂါကူးစက်မှုမှာ ၉၀,၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။ 

လွန်ခဲ့သော နှစ်လက ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရောဂါကူးစက်မှု ၂၄,၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ပြီးခဲ့သောလတွင် ၅၈,၀၀၀ထိ  ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၌ တစ်ရက်လျှင် အတည်ပြုလူနာသစ် တွေ့ရှိမှုသည် အခြား အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် နိုင်ငံများ ဖြစ်သည့် အမေရိကန် နှင့် ဘရာဇီးနိုင်ငံတို့၏ နေ့စဉ် ပျမ်းမျှ တွေ့ရှိမှုထက် နှစ်ဆကျော် ရှိနေကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေချိန်တွင် လွှတ်တော်အစည်းအဝေးအား တစ်ဦး နှင့် တစ်ဦး ခပ်ခွာခွာ အနေအထား ၊ တင်းကြပ်သော အစီအမံများ နှင့်အတူ စက်တင်ဘာ ၁၄ ရက်တွင် စတင်ခဲ့ပြီး လွှတ်တော်နှစ်ရပ်လုံး၏ ကျင်းပချိန်များကို ပြောင်းလဲခဲ့ကာ သတင်းမီဒီယာများ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.