Connect with us

ASEAN

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ COVID-19 ကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ သတင်းရုပ်သံလိုင်းများတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက COVID-19 ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည့် ဗီဒီယိုအပိုင်းများကို အောက်တိုဘာ ၃ ရက်တွင် ထုတ်လွှင့်ပြသထားကြောင်း သိရသည်။ 

ဝန်ကြီးချုပ်ဟောင်းသည် ဒူဘိုင်းမြို့တွင် ဩဂုတ်လလယ်ပိုင်းက ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ 

“ကျွန်တော် ဆေးရုံကဆင်းခဲ့တာ ရက် ၂၀ ကျော်ရှိပါပြီ။ အခု နေပြန်ကောင်းနေပါပြီ” ဟု သက်ဆင်က Nation TV တွင် ပြောခဲ့သည်။ 

သို့သော်လည်း သက်ဆင်က ရောဂါကူးစက်မှုမှ အပြည့်အဝပြန်လည်ကောင်းမွန်လာပြီလားဆိုသည်ကိုမူ ပြောကြားထားခြင်းမရှိဘဲ အရှေ့အလယ်ပိုင်းရှိ နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း ရုပ်သံဖိုင်တွင် ပြောကြားခဲ့သည်။ 

သက်ဆင်က စက်တင်ဘာ ၁၂ ရက် သို့မဟုတ် ၁၃ ရက်တွင် ဆေးရုံမှဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံမှမဆင်းမီ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်းသေချာစေရန် စစ်ဆေးမှု ၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။

၎င်းတွင် ရောဂါလက္ခဏာများသည် ဩဂုတ်လလယ်ပိုင်း၌ စတင်ပေါ်ပေါက်လာခဲ့ပြီး ပထမဆုံး ရောဂါစစ်ဆေးမှုတွင် ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ဒူဘိုင်းမြို့တွင် ဆေးကုသမှုပြုလုပ်ရန် ရှာဖွေခဲ့ပြီးနောက် အဘူဒါဘီမြို့ရှိ Cleveland ဆေးခန်းတွင် ကုသမှုခံယူခဲ့ကြောင်း သိရသည်။ 

၎င်းအနေဖြင့် ဒူဘိုင်းမြို့ရှိ အစားအသောက်စင်တာတစ်ခုတွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖွယ်ရှိကြောင်း သက်ဆင်က ဆိုသည်။ 

“ကျွန်တော် အကာအကွယ်ကို ဖြုတ်ထားခဲ့မိတယ် ထင်တယ်။ တစ်ချိန်လုံး နှာခေါင်းစည်းလည်းမတပ်ထားမိဘူး။ ကျွန်တော် အစားအသောက်တွေဝယ်ပြီး စားနေခဲ့တယ်” ဟု သက်ဆင်က ပြောခဲ့သည်။

“တစ်ခါတရံမှာ ကျွန်တော်တို့တွေဟာ လက်ကိုပုံမှန်မဆေးမိကြဘဲ ကျွန်တော်တို့လက်တွေက ဗိုင်းရပ်စ်နဲ့ ထိတွေ့မိပြီး မျက်လုံးတွေကို ပွတ်မိပြီး ရောဂါကူးစက်နိုင်ပါတယ်” ဟု သက်ဆင်က ဆိုသည်။ 

သက်ဆင်သည် ၂၀၀၈ ခုနှစ်က တရားရုံးချုပ်မှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး အခြားသောစွဲချက်များနှင့် ရင်ဆိုင်နေရကာ ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.