Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၄,၀၀၇ ဦး နှင့် သေဆုံးသူ ၈၃ ဦးရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပိုးသတ်ဆေးဖျန်းနေသည်ကို ဩဂုတ် ၂၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါကူးစက်ခံရသူအသစ် ၄,၀၀၇ ဦးရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၂၉၉,၅၀၆ ဦးထိရှိလာခဲ့ကြောင်း နှင့် သေဆုံးသူမှာလည်း ၈၃ ဦးထပ်မံရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁၁,၀၅၅ ဦးထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၃,၇၁၂ ဦးရှိခဲ့ရာ လက်ရှိအချိန်ထိ နိုင်ငံအတွင်း ဆေးရုံဆင်းခွင့်ရရှိခဲ့သည့် လူနာပေါင်း ၂၂၅,၀၅၂ ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပိုးသတ်ဆေးဖျန်းနေသည်ကို ဩဂုတ် ၂၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုစလုံးတွင် ဖြစ်ပွားလျက်သည်။ပြီးခဲ့သော ၂၄ နာရီအတွင်း မြို့တော်ဂျကာတာ၌ အတည်ပြုလူနာသစ် ၁,၂၆၅ ဦး ၊ အနောက်ဂျာဗားတွင် ၃၄၃ ဦး ၊ အရှေ့ဂျာဗားတွင် ၃၀၈ ဦး ၊ အနောက်ဆူမတ်တြားတွင် ၂၈၅ ဦး နှင့် ပါပူဝါတွင် ၁၈၆ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။မာလုကူ နှင့် ဂိုရွန်တာလို ပြည်နယ်များတွင် တစ်ဦးတစ်လေမျှ ကူးစက်မှု အသစ်မရှိကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.