Connect with us

ASEAN

ဖိလစ်ပိုင်သမ္မတဒူတာတေးက COVID-19 ကာကွယ်ဆေး ထောက်ပံ့ပေးသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်းပြောကြား

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် တရုတ်နိုင်ငံထုတ် Sinovac vaccine CoronaVac ကာကွယ်ဆေးပုလင်းအား ကိုင်တွယ်ပြသနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်ငံသမ္မတဒူတာတေးက ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရန် Sinovac ကာကွယ်ဆေးများ ပေးပို့လှူဒါန်းသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်သည်။

“ အဲဒီကျေးဇူးတရားတွေအတွက် တရုတ်အစိုးရ နဲ့ ပြည်သူတွေကို ကျွန်တော့်နှလုံးသားထဲက နက်ရှိုင်းစွာ ကျေးဇူးတင်ပါတယ် ” ဟု ဒူတာတေးက မတ် ၁ ရက်တွင် ပြည်သူများသို့ ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိလာသော တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၂၈ ရက်က ကုန်တင်လေယာဉ်ပေါ်မှ သယ်ချနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကာကွယ်ဆေးများသည် ဖိလစ်ပိုင်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှာ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို ပထမအသုတ်အဖြစ် လက်ခံရရှိခြင်းဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးများကို ဒူတာတေး ကိုယ်တိုင် လေဆိပ်သို့ သွားရောက်၍ ကြိုဆိုလက်ခံရယူခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး Francisco Duque III က မနီလာမြို့တော်၌ မတ် ၁ ရက်တွင် တရုတ်နိုင်ငံထုတ် Sinovac vaccine CoronaVac ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ထိုသို့ တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ ရရှိခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။
“ အခုလို ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုအတွက် ပေးပို့မှုအပေါ် တရုတ်ပြည်သူနဲ့အစိုးရကို ကျွန်တော့်အနေနဲ့လေးလေးနက်နက် ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ထမ်းများက မနီလာမြို့၌ မတ် ၁ ရက်တွင် တရုတ်နိုင်ငံထုတ် Sinovac vaccine CoronaVac ကာကွယ်ဆေး ထိုးနှံမှုခံယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ လက်ခံရရှိပြီး တစ်ရက်အကြာ မတ် ၁ ရက်တွင် နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် စတင်ခဲ့သည်။တရုတ်နိုင်ငံ၏ လှူဒါန်းမှုကြောင့် ကာကွယ်ဆေးထိုးနှံပြီးနောက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး စတင်ပြန်လည်နလံထူရန် များစွာ အကူအညီဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ဒူတာတေးက ဆိုသည်။ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 အတည်ပြုလူနာပေါင်း ၅၇၈,၃၈၁ ဦးရှိပြီး ယင်းတို့အနက် သေဆုံးသူ ၁၂,၃၂၂ ဦးရှိကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ လူဦးရေ သန်း ၁၁၀ ခန့်ရှိပြီး အစိုးရအနေဖြင့် ယခုနှစ်အတွင်း ကျန်းမာရေး ဝန်ထမ်းများ ၊ သက်ကြီးရွယ်အိုများ နှင့် ဆင်းရဲနွမ်းပါးသူများအား စတင်၍ လူအုပ်စုအကြား ကိုယ်ခံအားစနစ် ရရှိလာစေရန် နိုင်ငံသား သန်း ၇၀ အထိ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ရည်မှန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် Sinovac ကုမ္ပဏီ အပါအဝင် ဆေးဝါးထုတ်လုပ်သောကုမ္ပဏီများထံမှ ကာကွယ်ဆေး သန်း ၁၆၀ ကျော် ဝယ်ယူရန် ဆွေးနွေးညှိနှိုင်းနေကြောင်း ကာကွယ်ဆေး ဝယ်ယူရေး တာဝန်ရှိသူ Carlito Galvez က ပြောကြားခဲ့သည်။ (Xinhua)

——————————————————
(English Version)

Philippines’ Duterte thanks China for offering COVID-19 vaccines
MANILA, March 2 (Xinhua) — Philippine President Rodrigo Duterte thanked China again for donating a batch of the Sinovac COVID-19 vaccine CoronaVac to the Philippines.
“From the bottom of my heart and with immense gratitude, I thank you, the Chinese people and government, for being so generous,” Duterte said during a televised public address on Monday night.
A batch of the Sinovac vaccines donated by China arrived in the Philippines on Sunday, the first COVID-19 vaccine to reach the Southeast Asian country. Duterte went to the airport to welcome the arrival of the vaccines.
Duterte said receiving the vaccines from China made another step forward in the Philippines’ ongoing fight against COVID-19.
“I convey my sincere gratitude to the Chinese people and the government of China for this gesture of friendship and solidarity – the hallmark of the Philippines-China partnership,” Duterte said in a speech.
The Philippines launched its coronavirus vaccination drive on Monday morning, less than a day after the arrival of the Chinese vaccines.
Duterte has said China’s donations would greatly help the Philippine economy recover after the vaccine rollout begins.
The Philippines has confirmed 578,381 COVID-19 cases, including 12,322 deaths.
The government aims to inoculate up to 70 million Filipinos this year to achieve herd immunity, starting with health care workers, the elderly and the poor communities. The Philippines has about a population of 110 million people.
The Philippines is also in discussion with different pharmaceutical firms to buy over 160 million vaccine doses this year, including Sinovac.

1-Philippine President Rodrigo Duterte shows a vial of the Sinovac vaccine CoronaVac donated by China in Manila, the Philippines, on Feb. 28, 2021. (Xinhua/Rouelle Umali)

2-Staff members unload vaccines donated by China at a Philippine Air Force base in Manila, the Philippines, on Feb. 28, 2021. (Xinhua/Rouelle Umali)

3-Philippine Department of Health Secretary Francisco Duque III injects a shot of COVID-19 vaccine from China’s Sinovac to a doctor on the first day of the vaccination at the Lung Center of the Philippines in Manila, the Philippines on March 1, 2021. (Xinhua/Rouelle Umali)

4-Health workers receive the COVID-19 vaccines from China’s Sinovac on the first day of the vaccination at the Lung Center of the Philippines in Manila, the Philippines on March 1, 2021. (Xinhua/Rouelle Umali)