Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 လူနာသစ် ၁၀,၀၉၈ ဦး စစ်ဆေးတွေ့ရှိ ၊ လူနာပေါင်း ၉၃၆,၀၀၀ ကျော်ထိရှိလာ

ဖိလစ်ပိုင်နိုင်ငံတွင် အမျိုးသမီးတစ်ဦး ကာကွယ်ဆေးထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

မနီလာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ဧပြီ ၁၈ ရက်တွင် COVID-19 လူနာသစ် ၁၀,၀၉၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၉၃၆,၁၃၃ ဦးထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာန(DOH)၏ ထုတ်ပြန်မှုအရ သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူနာ ၁၅၀ ဦးထပ်မံ သေဆုံးခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်စုစုပေါင်း ၁၅,၉၆၀ ဦးထိ ရှိလာကြောင်း DOH ထံမှ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ လူဦးရေ သန်း ၁၁၀ ခန့်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ပြည်သူ ၁၀ သန်းကျော်အား ကိုဗစ် ကူးစက်ခံရခြင်း ရှိ/မရှိစစ်ဆေးထားခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကူးစက်သူ အရေအတွက် မြင့်တက်လာသည်နှင့်အမျှ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများအား ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင် ကျန်းမာရေးဌာန(DOH)က ဧပြီ ၁၈ ရက်တွင် ပြောကြားရာတွင် ဒေသခံအသိုင်းအဝိုင်း နှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ဖိလစ်ပိုင်နိုင်ငံသားများထံမှ ဓာတ်ခွဲနမူနာ ၇၅၂ ခုအား စစ်ဆေးခဲ့ရာ လျှင်မြန်စွာ ပြန့်နှံသည့် ဗိုင်းရပ်စ်မျိုးကွဲများမှ လူနာသစ် ၆၄၂ ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါ အသစ်တွေ့ရှိခဲ့သော ဗိုင်းရပ်စ်မျိုးကွဲများတွင် ဗြိတိန်နိုင်ငံ၌ ပထမဆုံး တွေ့ရှိခဲ့သော B.1.1.7 မျိုးကွဲမှ လူနာ ၂၆၆ ဦး ၊ တောင်အာဖရိကနိုင်ငံ၌ ပထမဆုံး တွေ့ရှိခဲ့သော B.1.351 မျိုးကွဲမှ လူနာ ၃၅၁ ဦး နှင့် ဖိလစ်ပိုင်နိုင်ငံ၌ တွေ့ရှိရသော P.3 မျိုးကွဲမှ လူနာ ၂၅ ဦးတို့ ပါဝင်ကြောင်း DOH ထံမှ သိရသည်။

ဖိလစ်ပိုင် ကျန်းမာရေးဌာန(DOH)က P.3 မျိုးကွဲသည် အများပြည်သူ့ကျန်းမာရေးကို သက်ရောက်မှုများ ရှိ ၊ မရှိကို ဆုံးဖြတ်ရန် လက်ရှိ အချက်အလက်များ မလုံလောက်သေးသောကြောင့် စိုးရိမ်ပူပန်ရမည့် မျိုးကွဲတစ်ခု အဖြစ် သတ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အစောပိုင်းမှ စတင်ကာ မျိုးဗီဇကွဲ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁,၅၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်(Xinhua)
——————————————-
(English Version)
Philippines logs 10,098 new COVID-19 cases, total tops 936,000
MANILA, April 18 (Xinhua) — The Philippines’ Department of Health (DOH) reported on Sunday 10,098 new COVID-19 infections, bringing the total number of confirmed cases in the Southeast Asian country to 936,133.
The death toll climbed to 15,960 after 150 more patients died from the viral disease, the DOH said.
The Philippines, which has an about 110-million population, has tested over 10 million people since the outbreak in January 2020.
The country continues to detect more coronavirus variants as the number of infections soars.
The DOH confirmed on Sunday the detection of 642 new cases of the fast-spreading variants in the 752 sequenced samples taken from returning overseas Filipinos and local communities.
The DOH said the newly-detected variants include 266 cases of B.1.1.7 variant first discovered in Britain, 351 cases of B.1.351 first found in South Africa, and 25 cases of the P.3 variant found in the Philippines.
The DOH said the P.3 variant “is still not identified as a variant of concern since current data is insufficient to determine whether the variant will have significant public health implications.”
The Philippines has detected over 1,500 variants cases since it started genome sequencing early this year. Enditem