Connect with us

ASEAN

ထိုင်းနိုင်ငံတွင် COVID-19 အတည်ပြုလူနာသစ် ၁,၄၄၃ ဦးနှင့် ၄ ဦးထပ်မံသေဆုံးကြောင်း အတည်ပြု

၂၀၂၁ ခုနှစ်၊ ဧပြီ ၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ တရုတ်ဆေးဝါးကုမ္ပဏီ Sinovac မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးထိုးနှံပေးပေးနေစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ဧပြီ ၂၀ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၁,၄၄၃ဦး နှင့် သေဆုံးသူ ၄ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ကပြောသည်။

ကူးစက်ခံရသူများအနက် ၁,၄၄၁ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂ ဦးမှာ ပြည်ပမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း Taweesinက ဆိုသည်။ စုစုပေါင်းပြည်တွင်းကူးစက်မှုများအနက် ၁,၃၂၈ ဦးမှာ ဆေးရုံတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ ၁၁၃ ဦးကို လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝန်းများတွင် စစ်ဆေးရာမှ အတည်ပြုလူနာအဖြစ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။
သေဆုံးသူ ၄ ဦးလုံးမှာ ရောဂါအခံရှိကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်အထိ အတည်ပြုလူနာ ၄၅,၁၈၅ ဦး၊ သေဆုံး သူ ၁၀၈ ဦး ရှိပြီး ၎င်းတို့အနက် ၄၁,၉၄၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၃,၂၄၂ ဦးမှာ ပြည်ပမှဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့အထိ ဆေးကုသမှုခံယူပြီး ပြန်လည်သက်သာလာကာ ဆေးရုံမှဆင်းခွင့်ရသူ ၂၈,၉၅၈ဦးရှိပြီး၊ ၁၆,၁၁၉ ဦးမှာ ဆေးရုံတွင် ကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.