Connect with us

CHINA

ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံတစ်ဝန်းရှိ အလုပ်သမားပြည်သူများအတွက် သမ္မတ ရှီကျင့်ဖိန် နှုတ်ခွန်းဆက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် Benxi မြို့ရှိ New Xihu တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီကြီးတစ်ခု၏ ဝန်ထမ်းများထံမှ စာတစ်စောင်အား ဧပြီ ၃၀ ရက်က ပြန်ကြားခဲ့ပြီး အဆိုပါ ဝန်ထမ်းများနှင့် နိုင်ငံတစ်ဝန်းရှိ အခြား အလုပ်သမားပြည်သူများထံသို့ ကမ္ဘာ့အလုပ်သမားနေ့အတွက် နှုတ်ခွန်းဆက်လိုက်သည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီသည် ကုမ္ပဏီဝန်ထမ်းများကိုယ်စား အကြီးအကဲက ရေးသားလိုက်သည့်စာအား ဖြေကြားရင်းဖြင့် COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်ကြားမှ ၎င်းတို့၏အလုပ်တာဝန်များ ဆက်လက်ထမ်းဆောင်နေကြသည့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ ယွမ်ဖန်းအုပ်စုမှ သန့်ရှင်းရေးအလုပ်သမားများနှင့် အဆောက်အအုံ မန်နေဂျာများ၏ အလုပ်ကြိုးစားမှုကို ချီးကျူးပြောကြားလိုက်သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်တွင် ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပရန် ပြင်ဆင်ထားသည့်ပန်းခင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကြီးကျယ်မြင့်မြတ်မှုဟူသည် သာမန်အခြေအနေမှလာကြောင်း၊ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကပ်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်နေသူများမှအစ သန့်ရှင်းရေးဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ပေးသူများနှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေး အသုံးပြုပစ္စည်းများ ထုတ်လုပ်ရေး ဝန်ထမ်းများအထိ ကူးစက်ရောဂါကို အောင်မြင်ကျော်လွှားရန် ၎င်းတို့၏ တာဝန်အသီးသီးတွင် ပါဝင်ဆောင်ရွက်ကာ စုပေါင်းအင်အားဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် သမ္မတ ရှီက အလုပ်သမားများအားလုံးအနေဖြင့် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ ထိန်းချုပ်မှု၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပိုမို၍ ကူညီနိုင်ရေးအတွက် ယုံကြည်မှုခိုင်မာရန်နှင့် စိတ်ဓာတ်တက်ကြွစွာ နေထိုင်ရန် တိုက်တွန်းခဲ့သည်ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးမြို့အခြေစိုက် ယွမ်ဖန်းကုမ္ပဏီသည် ဝန်ထမ်း ၆၀,၀၀၀ ခန့်ရှိသော ဘက်စုံဝန်ဆောင်မှုကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ၎င်းတို့အနက် ၅၀၀ ခန့်မှာ CPC ပါတီဝင်များဖြစ်ကြောင်း သိရသည်။ သမ္မတ ရှီကျင့်ဖိန်ထံသို့ ရေးသားသောစာ၌ ၎င်းတို့သည် တာဝန်များအား ထမ်းဆောင်သွားရန်နှင့် အခက်အခဲကာလကို ကျော်လွှားရန် ဆုံးဖြတ်ချက်အား ရေးသားဖော်ပြခဲ့ကြကြောင်း သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.