Connect with us

CHINA

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ၏ ၂၂ ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးကို ဗီဒီယိုမှတစ်ဆင့် ပြုလုပ်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား ၂၁ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့်အတူ ၂၂ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များအစည်းအဝေးကို ဇွန် ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်းက ဇွန် ၁၉ ရက်တွင် ကြေညာခဲ့သည်။ 

အဆိုပါ အစည်းအဝေးကို ဗီဒီယိုမှတစ်ဆင့် ပြုလုပ်သွားမည်ဟု ကျောက်က ဆိုသည်။ 

“တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေးက နှစ်ဘက်အကြား ဦးဆောင်ဆက်ဆံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အစည်းအဝေးနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ကျောက်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်လည်း Michel နှင့် von der Leyen တို့နှင့် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အီးယူအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၄၅ နှစ်ပြည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ 

ယခုအစည်းအဝေးသည် တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် အီးယူ ခေါင်းဆောင်အသစ်များအကြား ပထမဆုံး တရားဝင်တွေ့ဆုံခြင်းဖြစ်ကြောင်း ကျောက်က ပြောခဲ့သည်။ 

တရုတ်နိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂနှင့်အတူ COVID-19 တိုက်ဖျက်ရန်နှင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကွန်ရက်ချိတ်ဆက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်၊ နိုင်ငံစုံပါဝင်ရေးမူကို ကာကွယ်ရန်နှင့် ကပ်ရောဂါအလွန် တရုတ်-အီးယူ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကို ပူးတွဲရင်ဆိုင်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်ရေးအတွက် အကူအညီဖြစ်စေရန် စသည်တို့၌ အတူတကွ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ကျောက်က ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.