Connect with us

CHINA

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဗိုင်းရပ်စ်စစ်ဆေးရန် လိုအပ်ချက်အရ Fire Eye တိကျလုံခြံမှုရှိသော ဓာတ်ခွဲခန်းကို နှစ်ရက်အတွင်း အပြီးတည်ဆောက်

ပေကျင်းမြို့ Daxing ခရိုင်ရှိ လေအိတ်သုံး COVID-19 ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ မကြာသေးမီက အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် nucleic acid စစ်ဆေးရန် မြင့်မားသောလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက်  Daxing ခရိုင်ရှိ အားကစားခန်းမတစ်ခုထဲတွင် လေအိတ်အခန်းငယ်များဖြင့်  COVID-19  ဓာတ်ခွဲခန်း တစ်ခု ဖန်တီးတည်ဆောက်ခဲ့ကြောင်း နှင့် ဇွန် ၂၂ ရက်တွင် စမ်းသပ်စစ်ဆေးမှုများ စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အထူးတိကျလုံခြုံမှုရှိသော မီးမျက်လုံး (ဟွာရန်) ရွှေ့လျားဓာတ်ခွဲခန်းကို ပြီးခဲ့သော စနေ၊တနင်္ဂနွေ အားလပ်ရက် နှစ်ရက်အတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  ၎င်းဓာတ်ခွဲခန်းတွင် ကွမ်တုန်း ပြည်နယ် ၊ ဆန်းကျန့်မြို့ အခြေစိုက် တရုတ်ဇီဝနည်းပညာ ကုမ္ပဏီ BGI Genomics က ပေးပို့လာသော အလိုအလျှာက် COVID-19 စစ်ဆေးပေးသည့် စက်ကိရိယာ ၁၄ လုံး တပ်ဆင်ထားကြောင်း သိရသည်။ 

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်ဇီဝနည်းပညာ ကုမ္ပဏီ BGI Genomics ၏ အမှုဆောင်အရာရှိချုပ် Yin Ye က ယင်းဓာတ်ခွဲခန်းတွင် စတုရန်းမီတာ ၇၀ စီရှိသော လေအိတ်အခန်းငယ် ၉ ခန်း ပါဝင်ကြောင်း ၊ လေအိတ်ခန်း  ၃ ခန်းကို ဓာတ်ခွဲနမူနာများ ထားရှိသော နေရာ အဖြစ် အသုံးပြုထားပြီး ကျန် ၆ ခန်းကို စက်ကိရိယာထားရှိခန်းအဖြစ် အသုံးပြုထားကြောင်း ပြောကြားခဲ့သည်။  အဆိုပါ ဓာတ်ခွဲခန်းသည် တစ်ရက်လျှင် nucleic acid စစ်ဆေးမှု အခုရေ ၁၀,၀၀၀ အထိ အပြည့်အဝ စမ်းသပ်စစ်ဆေးနိုင်ကြောင်း သိရသည်။

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

ပေကျင်းမြို့အား တစ်မြို့လုံးအတိုင်းအတာဖြင့် ရောဂါစမ်းသပ်စစ်ဆေးမှု လုပ်ဆောင်လျက်ရှိပြီး မေ ၃၀ ရက်မှ စတင်၍ ရောဂါကူးစက်မှုအများဆုံးဖြစ်ပေါ်ခဲ့သည့် Xinfadi လက်ကားဈေးသို့ သွားရောက်ခဲ့သူတစ်ဦးချင်းစီကို ရောဂါကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်ရိုးရာယုံကြည်မှုတွင် မျောက်မင်း၏  မီးမျက်လုံး(Fire eye) သည် မကောင်းဆိုးဝါးများကို ထိုးဖောက်မြင်နိုင်စွမ်းရှိသည်ဆိုသည့် အမှတ်သညာကိုယူ၍ BGI ကုမ္ပဏီက ၎င်းတို့ ဖန်တီးထားသော ဓာတ်ခွဲခန်းကို  မီးမျက်လုံးဟု အမည်ပေးထားကြောင်း နှင့် အဆိုပါ  အလိုအလျှောက်စနစ်သုံးဓာတ်ခွဲခန်းကို ကမ္ဘာတစ်ဝန်း၌  nucleic acid စစ်ဆေးရန် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိကြောင်း သိရသည်။  

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါ ကုမ္ပဏီက ကမ္ဘာတစ်ဝှမ်းတွင် လေအိတ်ခန်းသုံး Fire Eye ဓာတ်ခွဲခန်း ၈ ခုကို တည်ဆောက်ထားပြီးဖြစ်ကြောင်း နှင့် ပထမဆုံးတစ်ခုမှာ  ဟေးလုံကျန်း ပြည်နယ် မြို့တော် ဟာအယ်ပင်းမြို့၌ မေလတွင် စတင်အသုံးပြုခဲ့ကြောင်း ဆိုသည်။ 

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

ပေကျင်းမြို့ Daxing ခရိုင်ရှိ  လေအိတ်သုံး COVID-19  ဓာတ်ခွဲခန်း နှင့် ဓာတ်ခွဲခန်းအတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

ယာယီဓာတ်ခွဲခန်း၏ အခြား အခန်းလွတ်များတွင် အသုံးပြုပြီးသော ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ စွန့်ပစ်ထားရှိရန် အခန်းငယ်တစ်ခု နှင့် အဝတ်လဲခန်း  တစ်ခု ဖန်တီးပေးထားသည်။ ဓာတ်ခွဲဝန်ထမ်းများအနေဖြင့် ဓာတ်ခွဲနမူနာယူရာတွင် လူနာများနှင့် တိုက်ရိုက်ထိတွေ့ရန်မလိုဘဲ အခန်း၏ မလွယ်ပေါက်မှတဆင့် လက်လျှို၍ နမူနာများကို ရယူနိုင်ကြောင်း သိရသည်။  (Xinhua)