CHINA
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့ အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းသဝဏ်လွှာပေးပို့

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာထရမ့်တို့ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း အောက်တိုဘာ ၃ ရက်က ဆုတောင်းသဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။
ထရမ့်ထံသို့ပေးပို့သော သဝဏ်လွှာ၌ သမ္မတ ရှီကျင့်ဖိန်က သမ္မတ ထရမ့်နှင့် ဇနီးတို့တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် အမြန်ဆုံးပြန်လည်ကျန်းမာပါစေကြောင်း ၎င်းနှင့် ဇနီး ဖုန်းလိယွမ်တို့မှ ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)