Connect with us

CHINA

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး၌ စံပြုထိုက်သည့်အမျိုးသမီးများနှင့်အုပ်စုများကို ဂုဏ်ပြု

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ COVID-19 သီးသန့်ဆေးရုံ၏ ပထမဆေးရုံ အထူးကြပ်မတ်ဆောင်၌ သူနာပြုတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တာဝန်ရှိသူများက စံပြုထိုက်သည့် အမျိုးသမီး ၈၀၀ ဦးနှင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထောက်ပံ့ကူညီခဲ့သည့်အဖွဲ့ ၂၀၀ တို့ကို စက်တင်ဘာ ၂၉ ရက်က ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်ဖြစ်သည့် ဒုတိယ ဝန်ကြီးချုပ် Sun Chunlan နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ် (ACWF) ဥက္ကဋ္ဌဖြစ်သူ Shen Yueyue တို့က ပေကျင်းမြိုတွင်ပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ဂုဏ်ပြုခံများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင် ACWF ၊ အမျိုးသားကျန်းမာရေးကော်မရှင်နှင့် ဗဟိုစစ်ကော်မရှင် နိုင်ငံရေးလုပ်ငန်းဌာနတို့မှ ပူးတွဲ၍ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ရိုနာဗိုင်းရပ်စ်ကုသရေးဌာနအဖြစ် သတ်မှတ်ထားသော Jinyintan ဆေးရုံအပါအဝင် လူပုဂ္ဂိုလ် ၅၀၀ ဦးနှင့် အဖွဲ့ ၁၀၀ တို့အား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။

ACWF က ပေကျင်းမြို့ရှိ ဒေသခံရပ်ရွာအခြေပြုကော်မတီ အပါအဝင် လူပုဂ္ဂိုလ် ၃၀၀ ဦးနှင့် အဖွဲ့ ၁၀၀ ကို  ဂုဏ်ပြုခဲ့ကြသည်။ ဂုဏ်ပြုဆုချီးမြှင့်ခံရသည့် ကိုယ်စားလှယ်များကလည်း ၎င်းတို့၏ ပြင်းပြသည့်ရည်မှန်းချက် မှန်ကန်စွာ ဆက်လက်တည်ရှိရန်နှင့်  နိုင်ငံနှင့်ပြည်သူများ၏ မျှော်လင့်ချက်အတိုင်းဖြစ်မြောက်လာခြင်းတို့အတွက် ဆုံးဖြတ်ချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua)