Connect with us

CHINA

တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ သို့ ကပ်ရောဂါ ပြန့်ပွားမှု လျှော့ချရန် အတွက် သက်ဆိုင်ရာ လုပ်ငန်း တာဝန်များ ကို တာဝန်ကျေစွာ ဆောင်ရွက်ခဲ့ကြောင်း ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ မေ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က တရုတ် နိုင်ငံ ပြည်တွင်း ၌ ဖြစ်ပွား သည့် COVID-19 ရောဂါ အား ပြည်ပ သို့ ပြန့်ပွားအောင် ဆောင်ရွက်သည့် ဝေဖန်မှုများ က လက်တွေ့ ဖြစ်ရပ်မှန် နှင့် ကိုက်ညီမှု မရှိဘဲ တရုတ် နိုင်ငံ ပြည်သူလူထု တို့ ၏ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကြီးမားသည့် ကြိုးပမ်းအားထုတ်မှု နှင့် ဆုံးရှုံးနစ်နာမှုအပေါ် မလေးစား ရာရောက်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ သို့ ကပ်ရောဂါ ပြန့်ပွားမှု လျှော့ချရန် အတွက် သက်ဆိုင်ရာ လုပ်ငန်း တာဝန်များ ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြောင်း ဧပြီ ၃၀ ရက် ၌ ပြောကြား ခဲ့သည်။

ကိန်းစွမ် က သတင်းစာ ရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ က ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၏ နိုင်ငံတကာကျန်းမာရေးစည်းမျဉ်း တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ပွင့်လင်းမြင်သာ ပြီး တာဝန်ယူသည့် သဘောထားမျိုး ဖြင့် ဘက်စုံ အတင်းကျပ် ဆုံးသော ၊ အစွမ်းကုန်ဆုံးသော ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ဥပဒေ သတ်မှတ်ချက်များ နှင့် အညီ သိပ္ပံနည်းကျစွာ ပြည်ပထွက်ခွာသူများ ဆောင်ရွက်ရမည့် ကျန်းမာရေး စစ်ဆေးမှုများ နှင့် နယ်စပ်ဖြတ်ကျော် ရောဂါပြန့်ပွားမှု ကာကွယ်ရေး လုပ်ငန်းများကိုလည်း တင်းကျပ်စွာ ဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဇန်နဝါရီ ၃ ရက် မှ စတင် ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် နှင့် သက်ဆိုင်ရာ နိုင်ငံ များအား ကပ်ရောဂါ နှင့် ပတ်သက်သည့် အချက်အလက်များကို အချိန်မှန်မှန် ပေးပို့ ခဲ့ကြောင်း ၊ ဖေဖော်ဝါရီ ၂၃ ရက် တွင် ဝူဟန့်မြို့ ရှိ လေဆိပ် နှင့် ဘူတာ များကို ယာယီပိတ်သိမ်း ခဲ့ပြီး ယင်းမတိုင်ခင် တွင်လည်း တရုတ် နိုင်ငံ အနေဖြင့် ပြည်ပထွက်ခွာမည့် သူများတွင် ကိုအပူချိန် တက်နေပါက ခရီးစဉ် အား ရွှေ့ဆိုင်းရန် နှင့် သတ်မှတ်ထားသည့် ဆေးရုံများတွင် ကုသမှု ဆောင်ရွက်ရန်များ ပြုလုပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဧပြီ ၂၃ ရက် မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပြည်ပထွက်ခွာမည့် သူများ တွင် ရောဂါလက္ခဏာရှိနေပါက COVID-19 ရောဂါ စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ က ကူးစက်ခံရသူ စာရင်းအား နေ့စဉ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် အား သတင်းပေးပို့ ခဲ့ကာ ကမ္ဘာ့နိုင်ငံအသီးသီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အချိန်မီ ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထိုနောက် ကိန်းစွမ် က အထက်ဖေါ်ပြချက်များ သည် တရုတ် နိုင်ငံ မှ ကပ်ရောဂါ မပြန့်ပွားရေး အတွက် ဆောင်ရွက်ခဲ့သည့် အစိတ်အပိုင်း အချို့သာ ဖြစ်ပြီး ကပ်ရောဂါ စတင် ဖြစ်ပွားချိန် မှ စ၍ တရုတ် နိုင်ငံ က အချိန် နှင့် အပြိုင် ကပ်ရောဂါ နှင့် တိုက်ပွဲဝင်နေကြောင်း ၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အဆက်မပြတ် အသေးစိတ် တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် အတွက် တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ က ကြီးမားသည့် အခက်အခဲ ကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြောင်း ၊ မိမိ ရှင်းလင်းစွာ မှတ်မိနေသည် က ယခုအချိန် တရုတ် နိုင်ငံ အား အကြောင်းမဲ့ပြစ်တင်ဝေဖန် နေသည့် နိုင်ငံ အချို့ က မကြာသေးသော ကာလ တွင် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း နှင့် ပတ်သက်၍ ချီးမွမ်းခဲ့သေးကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ မှ မည်သည့် အမှားရှိ နေသည် ကို မသိရှိသော်လည်း ၎င်းတို့ က ကိစ္စရပ် တစ်မျိုးမျိုး ကို ဖုံးကွယ်လိုပြီး ခေါင်းရှောင်နေသည်လား ဟု သိရှိလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.