Connect with us

CHINA

လက်ဘနွန်နိုင်ငံသို့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး အသုတ်နှစ်သုတ် ရောက်ရှိ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ Rafic Hariri အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများအား သယ်ယူနေစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအား အထောက်အပံ့ဖြစ်စေရန် တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinopharm မှ ထုတ်လုပ်သော ကာကွယ်ဆေး အသုတ်နှစ်သုတ်သည် ဧပြီ ၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Wang Kejian က တရုတ်နိုင်ငံသည် ကာကွယ်ဆေး အသုတ်နှစ်သုတ်အား လက်ဘနွန်နိုင်ငံ အစိုးရ နှင့် တပ်မတော် အတွက် ပေးအပ်ခဲ့ကြောင်း ၊ ယင်းမှာ တရုတ်နှင့်လက်ဘနွန် အစိုးရ ၊ တပ်မတော် နှင့် ပြည်သူများအကြားတွင် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Wang Kejian ၊ လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hamad Hassan နှင့် တာဝန်ရှိသူများအား လေဆိပ်၌ ကာကွယ်ဆေးများနှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ) 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ Rafic Hariri အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများအား သယ်ယူနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ကပ်ရောဂါ ထိန်းချုပ်ရေး နှင့် လက်ဘနွန်နိုင်ငံ၏ ရောဂါကာကွယ်ရေး အားထုတ်မှုအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်နိုင်မည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီး Wang Kejian က Rafic Hariri အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hamad Hassan က ကာကွယ်ဆေးများအား လက်ဘနွန် စစ်တပ် ၊ အကောက်ခွန် ၊ လူမှုဖူလုံရေး နှင့် အများပြည်သူဆိုင်ရာ ဌာနများ နှင့် ဝန်ကြီးဌာနများသို့ ခွဲဝေပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေး လှူဒါန်းမှုက လက်ဘနွန်နိုင်ငံရဲ့ ပြည်သူတွေကို သူတို့ရဲ့ ပုံမှန်ဘဝကို တစ်ဖြည်းဖြည်း ပြန်လည်ရောက်ရှိဖို့ အကူအညီဖြစ်ပါလိမ့်မယ်။”ဟု ကျန်းမာရေးဝန်ကြီး Hamad Hassan က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ယခုကဲ့သို့ လှူဒါန်းမှုများ ပြုလုပ်ခြင်းအတွက် ကျေးဇူးတင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။လက်ဘနွန်နိုင်ငံ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Joseph Aoun ကိုယ်စား အခမ်းအနား တက်ရောက်ခဲ့သူ ဗိုလ်ချုပ်ကြီး Elias el-Chamiyeh က ယခုလှူဒါန်းမှုသည် လက်ဘနွန်တပ်ဖွဲ့ဝင်များအား ကပ်ရောဂါမှ ကာကွယ်ပေးနိုင်ပြီး လက်ဘနွန် စစ်တပ်အတွက် အလွန်ကြီးမားသော အထောက်အပံ့ ဖြစ်သည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက လက်ဘနွန် ကြည်းတပ် နှင့် တရုတ်တပ်မတော် အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိကဝတ်ပြုထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————————————-
(English Version)
Two batches of Chinese-made vaccines arrive in Lebanon
BEIRUT, April 6 (Xinhua) — Two batches of vaccines developed by Chinese pharmaceutical firm Sinopharm arrived here on Tuesday to support the country’s fight against COVID-19.

Chinese Ambassador to Lebanon Wang Kejian said that China offered the two batches of vaccines for the Lebanese government and army, which shows the deep friendship between the Chinese and Lebanese governments, armies, and peoples.

It is believed that the Chinese vaccines will play a positive role in strengthening Lebanon’s ability to prevent and control the pandemic, Wang said during a press conference held at the Rafic Hariri International Airport.

For his part, Lebanese Caretaker Health Minister Hamad Hassan said that the vaccines will be allocated to the Lebanese army, customs, social security, and different public departments and ministries.

“China’s vaccine donation will help people in Lebanon to return gradually to their normal lives,” Hassan said.
He also thanked China for making this donation despite the challenges facing the country in fighting against the pandemic.
Meanwhile, General Elias el-Chamiyeh, who represented Lebanese Armed Forces Commander Joseph Aoun, said that the donation shows immense support for the Lebanese army by protecting its soldiers from the pandemic.

El-Chamiyeh said that China has been committed to boosting cooperation between the Lebanese Armed Forces and the Chinese army. Enditem