CHINA
ဝူဟန်မြို့ နှင့် ဆိုလ်းမြို့အကြား ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်
ဝူဟန့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း၊ တစ်ချိန်က COVID-19 ကူးစက်ပျံနှံ့မှု ပြင်းထန်ခဲ့သည့် ဝူဟန့်မြို့သည် ကူးစက်ရောဂါကြောင့် ခုနစ်လကျော် ဆိုင်းငံ့ခဲ့ရပြီးနောက် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် ပထမဆုံး နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ် ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရသည်။
T’way လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် TW615 လေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ပျံသန်းထွက်ခွာလာခဲ့ပြီး တရုတ်နိုင်ငံ ဝူဟန့်မြို့ ထျန်းဟော်နိုင်ငံတကာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀:၄၈ နာရီ တွင် ဆိုက်ရောက်လာခဲ့သည်။ ယင်းမှာ ဆိုးလ်မြို့နှင့် ဝူဟန့်မြို့အကြား ပုံမှန်ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်လိုက်ခြင်းလည်းဖြစ်သည်။
လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၆၀ ဦးသည် လေဆိပ်တွင် အပူချိန်စစ်ဆေးမှုများ ကူးစက်ရောဂါပျံ့နှံမှုဆိုင်ရာစစ်ဆေးမှုများ၊ သွေးစစ်ခြင်းများနှင့် nucleic acid စစ်ဆေးမှုများ ခံယူပြီးနောက် ကျန်းမာရေးစောင့်ကြည့်မှုအတွက် ၁၄ ရက်နေထိုင်ရန် သတ်မှတ်ထားသောဟိုတယ်များသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဟူပေလေဆိပ်များကုမ္ပဏီအုပ်စုအဆိုအရ ဗုဒ္ဓဟူးနေ့တိုင်း ဘိုးရင်း B737-800 လေယာဉ်ဖြင့် သုံးနာရီခရီးစဉ် ပုံမှန်ပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။
ဝူဟန့်-ဆိုးလ် ခရီးစဉ် ပြန်လည်စတင်ခြင်းသည် ဝူဟန့်နှင့်ဟူပေပြည်နယ်တွင် ကူးစက်ရောဂါ တိုက်ဖျက်ရေး အောင်မြင်မှုများကို ပြသခြင်းလည်း ဖြစ်ပြီး ဝူဟန့်တွင် အလုပ်အကိုင်နှင့်ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် မြှင့်တင်ရာ၌ အကူအညီလည်းပေးနိုင်မည်ဟု ဝူဟန့် သယ်ယူပို့ဆောင်ရေးဗျူရို တာဝန်ရှိသူတစ်ဦး Li Yizhuo က ပြောကြားခဲ့သည်။
ယခုအချိန်အထိ ဝူဟန့် ထျန်းဟော်နိုင်ငံတကာလေဆိပ်တွင် ပြည်တွင်းခရီးစဉ် ၇၃ ခုမှ ခရီးသည်များဆင်းသက်လျက်ရှိပြီး တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်း ၅၀၀ ခန့် ဆိုက်ရောက်လျက်ရှိရာ နေ့စဉ်ပြည်တွင်းခရီးသည်ရောက်ရှိမှုနှုန်းသည် ယမန်နှစ်အလားတူကာလ၏ ၉၀ ရာခိုင်နှုန်း ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)