Connect with us

CHINA

တရုတ်နိုင်ငံက COVAX နှင့် တရားဝင်ပူးပေါင်းလိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူပြော

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Sinovac Biotech လီမိတက်တွင် ဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများ ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကာကွယ်ဆေးမိတ်ဖက်ဖြစ်သော Gavi နှင့် အောက်တိုဘာ ၈ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး COVAX နှင့် တရားဝင်ပူးပေါင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားလိုက်သည်။

ယင်းသည် တရုတ်နိုင်ငံအနေဖြင့် အားလုံးအတွက် မျှဝေမှုရှိသော ကျန်းမာသည့် အသိုက်အဝန်းဟူသော အယူအဆကို ထိန်းသိမ်းရန်နှင့် COVID-19 ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ရောက်ရှိရန်ဟူသော ကတိကဝတ်ကို စောင့်ထိန်းရန်အရေးပါသော ခြေလှမ်းတစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

လက်ရှိတွင် COVID-19 ကပ်ရောဂါသည် နိုင်ငံအားလုံးရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းမှုကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေဆဲဖြစ်သည်။ တရုတ်နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံများတွင် သင့်လျော်၍ ဘေးကင်း ထိရောက်သော ကာကွယ်ဆေး ညီမျှစွာရရှိစေရေးအတွက် ဆက်လက်အာရုံစိုက်လျက်ရှိသည်။
“ဒါကြောင့် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ပြုလုပ်ဖို့၊ ဒါကိုလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဦးစားပေးအဖြစ် ထောက်ပံ့ဖို့ ကျွန်မတို့ အလေးအနက် ကတိပြုထားပါတယ်” ဟု ဟွာက ဆိုသည်။

တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော သဘောထားဖြင့် COVAX နှင့် အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိသလို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) တွင် မြင့်မားသောအဆင့်သို့ ရောက်ရှိနေသော ကာကွယ်ဆေးများနှင့် လုံလောက်သော ထုတ်လုပ်နိုင်စွမ်းနှင့်အတူ ကမ္ဘာပေါ်တွင် ဦးဆောင်လျက်ရှိချိန်တွင်ပင် COVAX နှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ဟွာက ပြောကြားခဲ့သည်။

“ကျွန်မတို့ အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေး မျှတစွာဖြန့်ဝေနိုင်ဖို့ ခိုင်မာတဲ့အဆင့်တွေ လုပ်ဆောင်နေပါတယ်။ စွမ်းဆောင်နိုင်တဲ့ နိုင်ငံတွေအနေနဲ့ COVAX နဲ့ ချိတ်ဆက် ပံ့ပိုးပေးဖို့လည်း မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံဟာ COVAX ကွန်ရက်မှတစ်ဆင့် ဆက်စပ်တဲ့နိုင်ငံတွေနဲ့ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှု ခိုင်ခိုင်မာမာဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံသည် COVAX မိတ်ဖက်များနှင့် အတူတကွဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး လူသားများအားလုံး ဘေးကင်းရေးနှင့် ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟွာက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.