Connect with us

CHINA

တရုတ်နိုင်ငံ ချင်းသောင်မြို့ တစ်ခုလုံး လွှမ်းခြုံဆေးစစ်မှုတွင် လူပေါင်း ၁ သန်းကျော်၏ Nucleic acid ဓါတ်ခွဲနမူနာများ ရယူပြီးဖြစ်

ပိုးကူးစက်လူနာတွေ့ရှိပြီးနောက် လူနာသစ်ထပ်မံလက်ခံခြင်းမရှိတော့ဘဲ သီးခြားခွဲ၍ ဖွင့်လှစ်ထားသော Qingdao Chest Hospital ဆေးရုံအား အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချင်းသောင်၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် လူပေါင်း ၁ သန်းကျော်အား Nucleic acid ဓါတ်ခွဲနမူနာများ ရယူခဲ့ပြီးဖြစ်ကြောင်း၊ ယင်းတို့အနက် လူပေါင်း ၃ သိန်း ၁သောင်းကျော်၏ ဓါတ်ခွဲနမူနာများ စစ်ဆေးပြီးချိန်ထိ ရောဂါပိုး ကူးစက်ခံရသူ မတွေ့ရှိရသေးကြောင်း အောက်တိုဘာ ၁၂ ရက် ညပိုင်း ချင်းသောင်မြို့အစိုးရ ပြန်ကြားရေးဌာန သတင်းစာရှင်းပွဲ၏ သတင်းများအရ သိရသည်။

အောက်တိုဘာ ၁၂ ရက် ၁၇ နာရီ ၃၀ မိနစ်အထိ ချင်းသောင်မြို့ ၌ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့သူ ၊အနီးကပ်ထိတွေ့သူနှင့်ဆက်စပ်သူ ၁,၁၇၁ ဦး ၊ ဆေးဝန်ထမ်း၊ ဆေးရုံလူနာနှင့် လူနာစောင့်မိသားစုအပါအဝင် ဆက်စပ်ရပ်ကွက်ရှိ လူပေါင်း ၁,၀၃၇,၆၁၄ ဦး ကို Nucleic acid ဓါတ်ခွဲနမူနာရယူပြီဖြစ်ကြောင်း၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၁,၀၃၈,၇၈၅ရှိပြီး စစ်ဆေးပြီးစီးသော ဓါတ်ခွဲရလဒ် ၃၁၂,၉၇၇ ဦးတွင် ယခင်က ကြေညာထားသည် positive လူနာ ၉ ဦးမှလွှဲ၍ ကျန်ဓါတ်ခွဲစစ်ဆေးမှုများတွင် negative တွေ့ရှိရကြောင်း ချင်းသောင်မြို့အစိုးရရုံး ဒုတိယ ညွှန်ကြားရေးမှူး ချန်ဝမ်ဆန့် က ဆိုသည်။
ချင်းသောင်မြို့ရှိ Qingdao Chest Hospitalရှိ လိုဆန်းဟို ရပ်ကွက်အား အလယ်အလတ်အဆင့် အန္တရာယ်ရှိနေရာအဖြစ်သတ်မှတ်ထားပြီး ကျန်နေရာများ၏အန္တရာယ်အဆင့် သတ်မှတ်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုအကြိမ် အတည်ပြုလူနာ တွေ့ရှိမှုသည့် ရပ်ကျေးတွင် မဟုတ်ဘဲ ဆေးရုံ၌ဆေးစစ်ရာတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ၊ အတည်ပြုလူနာများအား သတ်မှတ်ထားသည့်ဆေးရုံသို့ ရွှေ့ပြောင်းကာ သီးခြားကုသမှု ပေးနေကြောင်း ချင်းသောင်မြို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာရှင်အဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို ဒုတိယ ညွှန်ကြားရေးမှူး ကျန်းဟွာချန်က ဆိုသည်။
“လက်ရှိ ရပ်ကျေးကူးစက်မှုအန္တရာယ်နည်းတယ်၊ ရပ်ကျေးမှာ အတည်ပြုလူနာမတွေ့ရှိသေးဘူး။ သိပ္ပံနည်းကျသတ်မှတ်ချက်တွေအရ ချင်းသောင် Qingdao Chest Hospitalမှာရှိတဲ့ လိုဆန်းဟို ရပ်ကွက်ကို အလယ်အလတ်အဆင့် အန္တရာယ်ရှိနေရာအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေရာမှာ ကူးစက်မှုဖြစ်လာရင် ဖြစ်ပွားတဲ့အန္တရာယ်အခြေအနေအရ သီးခြားခွဲထားတာ ဒါမှမဟုတ် ကျန်းမာရေး စီမံခန့်ခွဲမှုနည်းလမ်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ချင်းသောင် အခြားနေရာတွေရဲ့ အန္တရာယ်အဆင့် သတ်မှတ်ချက်က ပြောင်းလဲမှုမရှိပါဘူး”ဟု ၎င်းက ဆိုသည်။
ချင်းသောင်တစ်မြို့လုံး လွှမ်းခြုံဆေးစစ်မည့် အစီအစဉ်အရ ၃ ရက်အတွင်း မြို့၏အဓိကနေရာများ ဖြစ်သည့် မြို့၏တောင်ပိုင်း ၊မြောက်ပိုင်း၊ လီချန်း၊ လောင်ဆန်း၊ ချန်ယန် ဒေသ ၅ ခုကို လွှမ်းခြုံဆေးစစ်ပေးမည်ဖြစ်ပြီး ၅ ရက်အတွင်း တစ်မြို့ လုံးလွှမ်းခြုံဆေးစစ်ပေးမည်ဖြစ်ကြောင်းနှင့် ဓါတ်ခွဲစစ်ဆေးမှုရလဒ်အဖြေများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.