CHINA
တရုတ်နိုင်ငံ ချင်းသောင်မြို့တစ်ခွင် COVID-19 စစ်ဆေးမှုပြီးစီး

ချင်းသောင်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်သော ချင်းသောင်မြို့တွင် ဒေသတွင်း လူအစုလိုက် COVID-19 ကူးစက်မှုအသစ် ဖြစ်ပေါ်လာပြီးနောက် အောက်တိုဘာ ၁၂ ရက်မှစတင်၍ တစ်မြို့လုံးရှိ ဒေသခံ ၁၁ သန်းလုံးကို လွှမ်းခြုံသည့် nucleic acid စစ်ဆေးမှုပြီးစီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၅ ရက် ညနေ ၆:၀၀ နာရီအထိ စုဆောင်းရယူခဲ့သည့် နမူနာ ၁၀.၈၉ သန်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကာ စစ်ဆေးမှုရလဒ်များအရ ရောဂါပိုးကူးစက်မှုအသစ်မရှိကြောင်း မြူနီစီပယ်အစိုးရထံမှ သိရသည်။
COVID-19 ရောဂါ တစ်ကျော့ပြန်ကူးစက်မှုကြောင့် အောက်တိုဘာ ၁၅ ရက်အထိ အတည်ပြုလူနာအသစ် ၁၃ ဦးအထိ ရှိခဲ့သည်။ Qingdao Chest ဆေးရုံရှိ CT ခန်းတွင် မလျော်ကန်သော ပိုးသတ်ဆေးဖျန်းမှုကြောင့် ယင်းကဲ့သို့ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)