Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးကို နိုင်ငံများရရှိရေး ပိုမိုကူညီသွားရန် ဆန္ဒရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Sinovac Biotech လီမိတက်ရှိ COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကာကွယ်ဆေး ဖော်ထုတ်မှုစွမ်းဆောင်ရည်ကို ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ရန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်များကို ဦးစားပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဝမ်သည် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို၊ ထိုင်းနှင့် စင်ကာပူ စသည့်နိုင်ငံများသို့သွားရောက်ခဲ့သည့် အရှေ့တောင်အာရှခရီးစဉ်မှာ အောက်တိုဘာ ၁၆ ရက်တွင် အဆုံးသတ်ခဲ့သလို ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ သမ္မတ၏ အထူးသံတမန် Luhut Binsar Pandjaitan ၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin တို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်၌ တွေ့ဆုံခဲ့ပြီးနောက် ဆင်ဟွာနှင့် သီးသန့်အင်တာဗျူးတစ်ခု၌ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် အသုံးပြုမည့် ၎င်းကတိကဝတ်ကို မည်သို့မည်ပုံ ဖြည့်စွမ်းမည်ဆိုသည်ကို ပြောကြားရာတွင် ဝမ်က ဗိုင်းရပ်စ်ဟူသည် နယ်စည်းခြားထားခြင်းမရှိကြောင်းနှင့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးကို နိုင်ငံများအားလုံးက လုပ်ဆောင်မှသာလျှင် နောက်ဆုံးအောင်မြင်မှုကို ရရှိမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

ကာကွယ်ဆေးများသည် ကပ်ရောဂါကို အောင်နိုင်ရန်  “နောက်ဆုံးလက်နက်”  ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

လူသားအားလုံး၏ အသက်နှင့် ကျန်းမာရေး ဆက်စပ်သောကိစ္စရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဝမ်က ပြောခဲ့သည်။ “ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်း မတိုက်ခိုက်သင့်သလို အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်တာမျိုးကိုလည်း လျှော့ချသင့်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။  

တရုတ်နိုင်ငံသည် ကာကွယ်ဆေးဖော်ထုတ်မှုတွင် ရှေ့တန်းကလုပ်ဆောင်နေသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားမှု အစောပိုင်းအခြေအနေ၌ပင် အချိန်နှင့်တစ်ပြေးညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဗိုင်းရပ်စ် မျိုးဗီဇအစီအစဉ်ကို မျှဝေလျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဖော်ထုတ်မှုအတွက် လိုအပ်သော အခြေအနေများကို ဖန်တီးပေးလျက်ရှိကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးများကို အောင်မြင်စွာဖော်ထုတ်ပြီး အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိလာပါက ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်ရန်ဟူသော ကတိကဝတ်ကို အလေးအနက်ထားဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကာကွယ်ဆေးများကို ရရှိနိုင်ရန်နှင့် လုံလောက်မှုရှိစေရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများက တရုတ်နိုင်ငံ၏ ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှုအပေါ် ချီးကျူးခဲ့ပြီး ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှု၊ ဝယ်ယူမှု၊ ထုတ်လုပ်မှုနှင့် အသုံးပြုမှုတွင် ကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်မှု၌ ပြုလုပ်ရန် မျှော်လင့်ချက်ကို ပြောကြားခဲ့ကြကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံများကို ကာကွယ်ဆေးများ ရရှိရန်နှင့် တတ်နိုင်သော ကာကွယ်ဆေးများဖြစ်စေရန်၊ နောက်ဆုံးတွင် ကပ်ရောဂါကို ကျော်လွှားရေး ကူညီသွားရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ အသက်များနှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ရန် အသင့်ရှိကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.