Connect with us

CHINA

တရုတ်နိုင်ငံ၌ တက္ကသိုလ်နယ်မြေတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုများ မြှင့်တင်မည်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဟူနန်သိပ္ပံ နှင့် နည်းပညာတက္ကသိုလ်ရှိ ယာယီကာကွယ်ဆေးထိုးနှံသည့် နေရာတွင် ကျောင်းသားတစ်ဦး ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ပညာရေးဌာနများ နှင့် တက္ကသိုလ်များအား ဒေသတွင်းရှိ ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည့် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အသိပေးကြေညာချက်တွင် တက္ကသိုလ်နယ်မြေအတွင်း ကာကွယ်ဆေးထိုးနှံခြင်းအတွက် သင့်လျော်သည့် အစီအစဉ်များ ပြုလုပ်ရာတွင် ပညာရေးဌာနများ နှင့် တက္ကသိုလ်များအနေဖြင့် ဒေသတွင်း ကျန်းမာရေး ဌာနများနှင့်အတူ လက်တွဲဆောင်ရွက်ရန် တိုက်တွန်းထားပြီး ယင်းမှာ ဒေသတွင်း စာသင်ကျောင်းများ၌ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တစ်ခုကို စနစ်တကျဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ကာယကံရှင်၏ သဘောတူညီမှု ၊ စိတ်ဆန္ဒရှိမှု ဖြင့် အကြောင်းကြားလာသည့်အပေါ် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နှင့် အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကာကွယ်ဆေးထိုးနှံရေး ယာယီနေရာများဖြစ်သော ရွက်ဖျင်တဲများ တည်ဆောက်ခြင်း သို့မဟုတ် မလုံမခြုံဖြစ်နေသော စာသင်ကျောင်းများ ၊ အားကစားရုံများ နှင့် အခြားအဆောက်အဦများကို လိုအပ်ချက်များနှင့်အညီ မွမ်းမံပြင်ဆင်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ကျောင်းများထံ မေတ္တာရပ်ခံခဲ့သည်။

ယင်းကြေညာချက်ထဲတွင် ကာကွယ်ဆေးထိုးနှံရာတွင် အခြား သိပ္ပံဆိုင်ရာ သတင်းအချက်အလက်များနှင့်အတူ လူပုဂ္ဂိုလ် ကျန်းမာရေး ကာကွယ်စောင့်ရှောက်ခြင်း နှင့် ကပ်ရောဂါ ထိန်းချုပ်မှုတွင် ကာကွယ်ဆေး၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ပညာပေးကာ သံသယများ ပပျောက်စေရန် ပညာရေး တာဝန်ရှိသူများ နှင့် တက္ကသိုလ်များအနေဖြင့် ကျောင်းပရဝဏ်အတွင်း အများပြည်သူ အသိပေးလှုံ့ဆော်မှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်လည်း တိုက်တွန်းထားသည်။ (Xinhua)
————————————
(English Version)
China to promote COVID-19 vaccinations on campus
BEIJING, April 3 (Xinhua) — China’s Ministry of Education has issued a notice to ask local education departments and universities to proactively cooperate with local vaccination work.
The document urged local education departments and universities to join hands with local health departments in making reasonable plans for on-campus inoculations, thus organizing the vaccination of local schools in batches in an orderly manner.
Vaccination must be done upon informed consent, voluntarily and free of charge, the notice said.
It called on schools to provide school infirmaries, stadiums and other facilities, or set up tents, as temporary vaccination sites in accordance with requirements.
The document also called for greater publicity and mobilization on campus, asking local education authorities and universities to dispel doubts by publicizing the positive role of vaccines in protecting personal health and controlling the epidemic, along with other scientific information on vaccination. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.