Connect with us

CHINA

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးက ဘေးကင်းပြီး အစွမ်းထက်ကြောင်း ဂျော်ဂျီယာနိုင်ငံ ကျန်းမာရေးဝန်ကြီး ပြောကြား

ဂျော်ဂျီယာနိုင်ငံ ကျန်းမာရေးဝန်ကြီး Ekaterine Tikaradze နှင့် အမျိုးသားအဆင့် ရောဂါထိန်းချုပ်ရေးစင်တာ ညွှန်ကြားရေးမှူးချုပ်အား တီဘလီစီမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

တီဘလီစီ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ဂျော်ဂျီယာနိုင်ငံ ကျန်းမာရေး ဝန်ကြီး Ekaterine Tikaradze က ပြီးခဲ့သော အပတ်အစောပိုင်းတွင် ဂျော်ဂျီယာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ဘေးကင်းစိတ်ချရပြီး အစွမ်းထိရောက်မှု ရှိကြောင်း ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

“Sinopharm ကာကွယ်ဆေးတွေဟာ ဟန်ဂေရီနိုင်ငံရဲ့ တင်းကြပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းက အသိအမှတ်ပြုခဲ့တဲ့အပေါ် ကျွန်တော်တို့အနေနဲ့ Sinopharm ကို ဂျော်ဂျီယာဈေးကွက်အတွင်းမှာ ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ကျန်းမာရေးဝန်ကြီး Tikaradze က တီဘလီစီမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျော်ဂျီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Li Yan က တရုတ်နိုင်ငံအနေဖြင့် ဂျော်ဂျီယာနိုင်ငံနှင့်တွဲဖက်၍ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် လူသားများအတွက် အများနှင့်ဆိုင်သော ကျန်းမာရေး အသိုင်းအဝိုင်းတစ်ခုကို ကူညီတည်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျော်ဂျီယာနိုင်ငံသည် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော COVID-19 ကာကွယ်ဆေး ပထမသုတ်ကို ဧပြီ ၄ ရက်တွင် လက်ခံရရှိခဲ့သည်။အဆိုပါ အသစ်ရောက်ရှိလာသော တရုတ်နိုင်ငံ Sinopharm အုပ်စုမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ဂျော်ဂျီယာနိုင်ငံ၌ ယခုအထိ တတိယမြောက် တင်သွင်းခဲ့သော ကာကွယ်ဆေး အမျိုးအစားဖြစ်ကြောင်း သိရသည်။
ဂျော်ဂျီယာနိုင်ငံသည် COVAX မှ ပထမသုတ် ကာကွယ်ဆေးများအား လက်ခံရရှိခဲ့ပြီးနောက် COVID-19 တိုက်ဖျက်ရေးအတွက် နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှုအား မတ် ၁၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

အစိုးရ၏ အစီအစဉ်အရ ကျန်းမာရေးကဏ္ဍတွင် လုပ်ကိုင်သူများသည် ဦးစွာ ကာကွယ်ဆေးထိုးနှံခွင့် ရရှိလိမ့်မည် ဖြစ်ကြောင်း သိရသည်။
ဂျော်ဂျီယာနိုင်ငံသည် ယခု ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံ၏ လူဦးရေ ၆၀ ရာခိုင်နှုန်းထက်မနည်း ကာကွယ်ဆေးထိုးနှံသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဂျော်ဂျီယာနိုင်ငံ၌ ဧပြီ ၅ ရက်တွင် ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၂၂၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၂၈၄,၀၆၁ ဦး ရှိလာခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားအဆင့် ရောဂါထိန်းချုပ်ရေးစင်တာထံမှ သိရသည်။ (Xinhua)

——————————————
(English Version)

Georgian health minister says Chinese vaccine safe, effective

TBILISI, April 5 (Xinhua) — Georgian Health Minister Ekaterine Tikaradze said on Monday the Chinese vaccine that arrived in Georgia earlier last week is safe and effective.
“Sinopharm vaccine is recognized by the strict regulator of Hungary, on the basis of which we decided that Sinopharm could be allowed on the Georgian market,” Tikaradze said at a press conference in Tbilisi.

Li Yan, the Chinese ambassador to Georgia, said at the press conference that China will continue to work alongside Georgia to fight the pandemic and help build a community of common health for mankind.

Georgia on Saturday received the first batch of COVID-19 vaccines it purchased from China.The newly-arrived vaccines manufactured by China’s Sinopharm Group are the third type of vaccine Georgia has introduced in the country so far.

Georgia on March 15 launched its nationwide inoculation campaign against COVID-19 after receiving its first batch of vaccines from COVAX.
According to the government’s plan, people working in the health sector will be eligible to get vaccinated first.
Georgia plans to vaccinate at least 60 percent of the country’s population by the end of 2021.
According to Georgia’s National Center for Disease Control, the country on Monday registered 228 new COVID-19 cases in the last 24 hours, bringing its total to 284,061. ■