Connect with us

CHINA

တရုတ်နိုင်ငံ ဝူဟန့်မြို့၌ လေးရက်မြောက်အဖြစ် COVID-19 ကူးစက်မှုအသစ် မရှိကြောင်း သိရ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်းရှမြို့ရှိ ချန်းရှ(Changsha) စာကြည့်တိုက် အဝင်ဝ၌ ဝန်ထမ်းတစ်ဦးမှ လာရောက်လေ့လာသူများအား ရောဂါပိုးရှိမရှိ စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဝူဟန့် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၂၁ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်မှု အသစ် မရှိခဲ့ကြောင်း နှင့် ယင်းမှာ ဗိုင်းရပ်စ်ကြောင့် လူအသေအပျောက်ဖြစ်ပေါ်ခဲ့ရပြီး ကူးစက်ရောဂါတိုက်ဖျက်မှုအား ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသော ဟူပေပြည်နယ် ဝူဟန့်မြို့အတွက် လေးရက်ဆက်တိုက် ရောဂါကူးစက်မှု အသစ် လုံးဝ မရှိခြင်းလည်းဖြစ်ကြောင်း သိရသည်။

ဟူပေပြည်နယ်ကျန်းမာရေးကော်မရှင်က ဝူဟန့်မြို့ နှင့် ဟူပေပြည်နယ်ထဲတွင် မတ် ၂၁ ရက် အထိ COVID-19 အတည်ပြုလူနာ ၅၀,၀၀၅ ဦး နှင့် ၆၇,၈၀၀ ဦး အသီးသီးကျန်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟူပေပြည်နယ်တွင် သေဆုံးသူအသစ် ၅ ဦးရှိကြောင်း ၊ ယင်းတို့အနက် လေးဦးမှာ ဝူဟန့်မှဖြစ်ကြောင်း နှင့် ပြည်နယ်အတွင်းသေဆုံးသူ စုစုပေါင်း ၃,၁၄၄ ဦးထိရှိခဲ့ကြောင်း သိရသည်။

မတ် ၂၁ ရက် တွင် ဟူပေပြည်နယ်ရှိ ဆေးရုံများမှ ရောဂါပျောက်ကင်း၍ ဆင်းခွင့်ရသူပေါင်း ၄၉၀ ဦးရှိကြောင်း နှင့် ယင်းပြည်နယ်တွင် ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ၅၉,၄၃၂ ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် လူနာ ၅,၀၁၃ ဦးအနက် ၁,၄၁၉ ဦးမှာ ရောဂါအလွန်ပြင်းထန်ဆိုးရွာသောအခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်း နှင့် အခြား ၃၉၃ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း ကော်မရှင်၏ ပြောကြားချက်အရသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.