Connect with us

CHINA

COVID-19 ရောဂါ တုံ့ပြန်ရေးတွင် WHO ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ကမ္ဘာလုံးဆိုင်ရာ ထောက်ခံအားပေးရန် တရုတ်နိုင်ငံ တိုက်တွန်းပြောကြား

တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး မာရှောင်ဝေအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဦးဆောင်ဦးရွက် အခန်းကဏ္ဍကို ထောက်ခံအားပေးရန် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး မာရှောင်ဝေက မေ ၁၈ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

မာသည် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါသည် လူသားမျိုးနွယ်၏ ဘုံရန်သူတစ်ခုအဖြစ် မှတ်ချက်ပြုပြောကြားရင်း တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါဆိုင်ရာချက်အလက်၊ ဗိုင်းရပ်စ်၏ မျိုးဗီဇအစီအစဉ်၊ အစပြုပုံများ ၊ အချက်အလက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဖြစ်နိုင်သမျှမြန်မြန် အမြဲတစေ မျှဝေလျက်ရှိခဲ့ပြီး နိုင်ငံတကာ နည်းပညာဖလှယ်မှုကို လုပ်ဆောင်လျက်ရှိကြောင်း မာက ဆိုသည်။ 

နိုင်ငံများအနေဖြင့် ကောလာဟလများ၊ အသရေဖျက်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်ရေးတွင် အခိုင်အမာရပ်တည်ပေးရန်နှင့် နိုင်ငံများ၏ အထိခိုက်မခံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ပူးတွဲကူညီကာ COVID-19 တုံ့ပြန်ရေး မြှင့်တင်ရန် မာက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် ပြည်သူများ၏ ဘဝများနှင့် ကျန်းမာရေးကို ပထမနေရာတွင် ထားလေ့ရှိကြောင်း၊ တရုတ်နိုင်ငံက ကြီးမားသော အားထုတ်မှုများနှင့် စွန့်လွှတ်ခြင်းများဖြင့် ပြည်တွင်းကူးစက်မှုများကို အခြေခံကျကျ တားဆီးခဲ့ပါကြောင်း မာက ပြောခဲ့သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အဖိုးတန်လှတဲ့ ထောက်ပံ့မှုတွေကို ကျွန်တော်တို့ ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ပါဘူး။ အမှန်ကတယ် လိုအပ်တဲ့နိုင်ငံတွေကို ပစ္စည်းကိရိယာတွေ နည်းပညာဆိုင်ရာ အကူအညီတွေကို အကောင်းဆုံး ထောက်ပံ့နိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု မာက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် COVID-19 ရောဂါအတွက် ကာကွယ်ဆေးများနှင့် ဆေးဝါးများ တိုးတက်မှု၊ ထုတ်လုပ်မှုနှင့် ညီမျှစွာ ဖြန့်ဖြူးမှု အရှိန်မြှင့်တင်မှုအပေါ် WHO ၏ ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွသည့်အပိုင်းမှ ပါဝင်သွားမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။“နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူတကွ ရပ်တည်ပြီး ကပ်ရောဂါကို ကျွန်တော်တို့ သေချာကျော်လွှားသွားနိုင်မှာပါ” ဟု မာက ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.