Connect with us

CHINA

တရုတ်နိုင်ငံတွင် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမံ ပါဝင်လုပ်ဆောင်ခဲ့သည့် မိသားစု ၆၆၀ ကို ဂုဏ်ပြု

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ် ပေးပေခရိုင်တွင် အဆောက်အအုံအတွင်းသို့ ဝင်ရောက်မည့်သူအား အချက်အလက်စစ်ဆေးနေသည့် အသက် ၆၂ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဟွမ်ယွမ်ကျင်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမံပါဝင်လုပ်ဆောင်ခဲ့ကြောင်း အသိအမှတ်ပြုခံရသည့် မိသားစု ၆၆၀ စာရင်းကို တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ်က မေ ၁၅ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ စာရင်းသည် ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှပါဝင်ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများကိုသာမက ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း ရပ်ရွာအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေး၊ စေတနာ့ဝန်ထမ်းနှင့် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် နှစ်မြှုပ်ထားသူများ၏ မိသားစုများလည်းပဲ ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ရှိ ဝမ်ကျန့်ထောင်း၏ မိသားစုသည် ရပ်ရွာအတွင်း ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် မျိုးဆက်သုံးဆက်လုံး၏ စေတနာ့ဝန်ထမ်းပါဝင်မှုအတွက် ဂုဏ်ပြုခြင်းခံခဲ့ရသည်။

၂၀၁၄ ခုနှစ်ကစ၍ တရုတ်နိုင်ငံမှ မိသားစု ၃.၈ သန်းကျော်သည် လူကြီးမိဘများအပေါ် သိတတ်လိမ္မာမှု၊ကလေးများ၏ သိပ္ပံပညာရပ်ဆိုင်ရာပ ညာရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အခြားအကြောင်းအရာများအတွက် ဂုဏ်ပြုခြင်းခံခဲ့ရကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.