Connect with us

CHINA

တရုတ် နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် က ဘရူနိုင်း နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ကူညီထောက်ပံ့

တရုတ် နိုင်ငံ မှ ဘရူနိုင်း နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ တရားဝင် လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

အန်ဒါဆရီဘီဂါဝမ် ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် က မေလ ၁၄ ရက် ၌ ဘရူနိုင်း နိုင်ငံ တော်ဝင် တပ်မတော် အား COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကူညီထောက်ပံ့ရေး ပစ္စည်းများ မေလ ၁၄ ရက် ၌ တရားဝင် လွှဲပြောင်းပေးအပ် ခဲ့သည်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား အား ဘရူနိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ရုံး ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဘရူနိုင်း နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ယွီဟုန် ၊ စစ်သံမှူး လီကျန့်ကျုံး ၊ ဘရူနိုင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး Halbi နှင့် ဘရူနိုင်း နိုင်ငံ တော်ဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Aminan တို့ တက်ရောက် ခဲ့ကြသည်။ ထောက်ပံ့ရေးပစ္စည်းများ တွင် နှာခေါင်းစည်း ၊ မျက်စိကာကွယ်ရေးမျက်မှန် ၊ ကာကွယ်ရေးဝတ်စုံ ၊ ရေမဝင် ကာကွယ်ရေးဝတ်စုံ နှင့် အပူချိန်တိုင်း ကိရိယာ တို့ ပါဝင်ပြီး မေလ ၁၂ ရက် ညပိုင်း အချိန်တွင် ဘရူနိုင်း နိုင်ငံ သို့ ရောက်ရှိခဲ့သည်။

ဘရူနိုင်း နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ယွီဟုန် က တရုတ် နိုင်ငံ နှင့် ဘရူနိုင်း နိုင်ငံ တို့ က ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံ နှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံ ဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်နေသည့် အခက်ခဲဆုံး အချိန်တွင် ဘရူနိုင်း နိုင်ငံ က တရုတ် နိုင်ငံ အား တန်ဖိုးကြီးမားသည့် ထောက်ခံအားပေးမှု ပြုလုပ်ပေးခဲ့ကြောင်း ၊ ဘရူနိုင်း နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် တရုတ် နိုင်ငံ အစိုးရ နှင့် လုပ်ငန်း ကုမ္ပဏီ များ က ဘရူနိုင်း နိုင်ငံ အား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း အမြောက်အများ နှင့် ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှုများက နှစ်နိုင်ငံ ၏ အေးအတူပူအမျှ ဆက်ဆံရေး နှင့် အပြန်အလှန် ကူညီထောက်ပံ့သည့် နက်ရှိုင်းသော သံယောဇဉ် အား ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဘရူနိုင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး Halbi က ဘရူနိုင်း နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ အရေးပေါ် ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီထောက်ပံ့မှု ပစ္စည်းများ လှူဒါန်းပေးသည့် အပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ ပြည်တွင်း ၌ ကပ်ရောဂါ အခြေအနေ မပြီးဆုံးသေးသော်လည်း ဘရူနိုင်း နိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံ အသီးသီး အား ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က ကမ္ဘာ့ နိုင်ငံ အသီးသီး အား ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ မျှဝေပေးခဲ့ခြင်းသည် တရုတ် နိုင်ငံ ဖော်ဆောင်နေသည့် လူသားမျိုးနွယ်ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အား အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု က ဘရူနိုင်း နိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အထောက်အကူ ဖြစ်စေ ခဲ့ပြီး နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြား ချစ်ကြည်ဆက်ဆံရေး အား ပိုမို တိုးမြှင့်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)