CHINA
တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး ဒုတိယအဆင့်စမ်းသပ်မှုကို ဇူလိုင်လမှစတင်၍ အလုံးစုံပြုလုပ်သွားမည်ဟု တာဝန်ရှိသူပြောကြား

ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးအတွက် ဒုတိယအဆင့်စမ်းသပ်မှုများကို လာမည့် ဇူလိုင်လ အစောပိုင်းမှ စတင်ကာ အလုံးစုံပြုလုပ်သွားရန် မျှော်လင့်ထားကြောင်း နှင့် လက်ရှိအချိန်ထိ စမ်းသပ်မှုများအရ ကြီးကြီးမားမား နောက်ပြန်သက်ရောက်မှုများ မရှိကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
လက်ရှိစမ်းသပ်ဖော်စပ်လျက်ရှိသော ကာကွယ်ဆေးများထဲတွင် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးထုတ်ကုန်များ စီမံခန့်ခွဲမှုဌာနမှ ကြိုးပမ်းလုပ်ကိုင်နေသည့် အသက်ရှူလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ဗိုင်းရပ်စ်ပိုးအား ဖယ်ရှားပေးသည့် adenovirus vector vaccine ကာကွယ်ဆေး တစ်မျိုးနှင့် ဗိုင်းရပ်စ်မှတစ်ဆင့် ရောဂါမဖြစ်စေဘဲ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်သော ကာကွယ်ဆေးမျိုးဖြစ်သည့် inactivated vaccines ၄ မျိုးပါဝင်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Zeng Yixinက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒုတိယအဆင့်စမ်းသပ်မှုတွင် စုစုပေါင်း စေတနာ့ဝန်ထမ်း ၂,၀၃၆ ဦးက စမ်းသပ်မှုအတွက် ပါဝင်ကူညီပေးသွား မည်ဖြစ်ကြောင်း နှင့် ၎င်းကာကွယ်ဆေးများအနေဖြင့် ဘေးကင်း၍ ထိရောက်မှု ရှိ / မရှိ ဆိုသည်ကို သုတေသီများက အကဲဖြတ်ပေးသွားမည်ဖြစ်ကြောင်း Zeng ၏ ပြောကြားချက်အရ သိရသည်။(Xinhua)