Connect with us

CHINA

တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကုသပျောက်ကင်းမှုနှုန်း ၉၄.၃ ရာခိုင်နှုန်း ရှိဟု ဆို

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ဟော်ဆန်ဆန်းဆေးရုံကြီးအား အရှိန်မြှင့်တင်တည်ဆောက်ခဲ့သည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် မေ ၃၁ ရက် ၂၄:၀၀ နာရီအထိ ဆိုရလျှင် တရုတ်နိုင်ငံ ပြည်နယ်နှင့်ဒေသပေါင်း ၃၁ ခု နှင့် ရှင်းကျန်း ထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာအရ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၈၃,၀၁၇ ဦးရှိခဲ့ကြောင်း နှင့်  ရောဂါကုသပျောက်ကင်းသူ စုစုပေါင်း ၇၈,၃၀၇ ဦး၊ သေဆုံးသူ စုစုပေါင်း၄,၆၃၄ ဦး ရှိရာ ကုသပျောက်ကင်းမှုနှုန်း ၉၄.၃ ရာခိုင်နှုန်းနှင့် သေဆုံးမှုနှုန်း ၅.၆ ရာခိုင်နှုန်းရှိကြောင်း  တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏လှုပ်ရှားဆောင်ရွက်မှုများ စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ 

ကယ်ဆယ်ကုသရေးတွင် လက်ခံကုသမှုနှုန်းနှင့် ကုသပျောက်ကင်းမှုနှုန်းကို မြှင့်တင်ရေး၊ ကူးစက်မှုနှင့်သေဆုံးမှုနှုန်းကို လျှော့ချရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း ၊  လူနာများကို စုစည်းကာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်၊အရင်းအမြစ်များဖြင့် တစ်စုတစ်စည်း ကုသပေးခြင်းနည်းလမ်းကို အခြေခံ၍  တရုတ်တိုင်းရင်းဆေးနှင့်အနောက်တိုင်းဆေး ပူးတွဲအသုံးပြု ကုသကြောင်း ၊ အဆင့်ခွဲခြား ကယ်ဆယ်ကုသခြင်းနှင့်စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ ရောဂါပြင်းထန်သူများအတွက် အထူးချွန်ဆုံးဆရာဝန်၊ခေတ်အမီဆုံး ပစ္စည်းကိရိယာနှင့် အလိုအပ်ဆုံးသော အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် စုစည်း ကယ်ဆယ်ကုသခဲ့ရာ သေဆုံးမှုနှုန်းကို များစွာ လျှော့ချခဲ့သလို ရောဂါလက္ခဏာ မပြင်းထန်သူများအတွက် စောစောရှာ စောစာကု နည်းလမ်းကို အသုံးပြုခဲ့သည့်အတွက်  ရောဂါဆိုးဝါးနိုင်မှုအခြေအနေကို လျှော့ချပေးနိုင်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ဟော်ဆန်ဆန်းဆေးရုံကြီးအား အရှိန်မြှင့်တင်တည်ဆောက်ခဲ့သည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ ကယ်ဆယ်ကုသပေးရာတွင် ကပ်ရောဂါရုတ်ခြည်းဖြစ်ပွားမှုကြောင့် ဝူဟန့်မြို့ရှိ ဆေးကုသမှုအရင်းအမြစ်များ ကြပ်တည်းမှု ဖြစ်ပေါ်ခဲ့ရသည်။ ရောဂါဖြစ်ပွားသော ကနဦးကာလတွင် လူနာအရေအတွက် တိုးပွားလာခြင်းကြောင့် ဆေးရုံကုတင်နေရာ လိုအပ်မှုအတွက် ဝူဟန့်တွင် ဆေးရုံနှင့်လူနာကုတင်များတိုးချဲ့တည်ဆောက်ရန် စုပေါင်းအင်အားဖြင့် အားဖြည့်ဆောင်ရွက်ပြီး ရောဂါပြင်းထန်သော လူနာများကို အသက်ရှူလမ်းကြောင်းနှင့်ကူးစက်ရောဂါကုသနိုင်မည့် စွမ်းရည်မြင့်မားသည့် အထွေထွေဆေးရုံကြီးများတွင် အလုံးစုံထားရှိကာ ကယ်ဆယ်ကုသပေးခဲ့ကြောင်း၊  ကုတင် ၁,၀၀၀ ဆန့် ကူးစက်ရောဂါကုသရေး သီးသန့်ဆေးရုံဖြစ်သည့် ဟော်ဆန်ဆန်း၊လေဆန်ဆန်းကြီးနှစ်ခုကို တည်ဆောက်ခဲ့သလို  သတ်မှတ်ဆေးရုံနှင့် အထွေထွေဆေးရုံများကို တိုးချဲ့ပြုပြင်တည်ဆောက်ခဲ့ရာ   ရောဂါပြင်းထန်သောလူနာများအား လက်ခံကုသရန် ကုတင်နေရာ ၁,၀၀၀ ခန့်မှ ကုတင်နေရာ ၉,၁၀၀ ဆန့်အထိ တိုးချဲ့ခဲ့ကြောင်း နှင့် ရောဂါပြင်းထန်သူများအား လက်ခံကုသပေးမည့် အခက်အခဲကြီးကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြောင်း  သိရသည်။ 

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် တည်ဆောက်ခဲ့သော လေဆန်ဆန်းဆေးရုံကြီးအား ဧပြီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် တည်ဆောက်ခဲ့သော လေဆန်ဆန်းဆေးရုံကြီးအား ဧပြီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဖောင်းချန်း ယာယီဆေးရုံမြင်ကွင်းအား မတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဖောင်းချန်း ယာယီဆေးရုံမြင်ကွင်းအား မတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်မြို့သည် လူနာအရေအတွက်တိုးလာခြင်းနှင့် ရောဂါလက္ခဏာမပြင်းထန်သူ ၈၀ ရာခိုင်နှုန်းအတွက် အားကစားရုံ ၊ ပြပွဲစင်တာ စသည်တို့ကို  ပြုပြင်ကာ ဖောင်းချန်း ယာယီဆေးရုံ ၁၆ ခု အဖြစ် ပြောင်းလဲခဲ့ပြီး ကုတင် ၁၄,၀၀၀ ခန့် စီမံဆောင်ရွက်ပေးခဲ့ကြောင်း ၊  လက်ခံကုသသင့်သူ  ၊ ရောဂါမပြင်းထန်သူ အားလုံးကို စုစည်းကုသပေးခြင်းဖြင့် ရပ်ရွာအတွင်း ရောဂါပြန့်ပွားနိုင်မှုကိုလျှော့ချခဲ့သလို ရောဂါပြင်းထန်သည့်အခြေအနေများပြားနိုင်မှုကိုလည်း လျှော့ချခဲ့ကြောင်း သိရသည်။ ဖောင်းချန်း ယာယီဆေးရုံ ၁၆ ခုတွင် လက်ခံကုသခဲ့သော လူနာ စုစုပေါင်း ၁၂,၀၀၀ ကျော်ရှိပြီး ကုသပျောက်ကင်း၍ ဆေးရုံဆင်းသွားသူ ၈,၀၀၀ကျော်၊ ဆေးရုံပြောင်းကုသမှု ခံယူသူ ၃,၅၀၀ ဦး ရှိရာ ရောဂါ ကူးစက်မှု၊ သေဆုံးမှုနှင့် ရောဂါပြန်လည်ဖြစ်ပွားမှု လုံးဝမရှိသည်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ ဖောင်းချန်း ယာယီဆေးရုံများသည် ရောဂါပြင်းထန်မှုကို ကာကွယ်ရာတွင် အထူးအကျိုးဆောင်ခဲ့ရာ ရောဂါဖြစ်ပွားသူများအားလုံး လက်ခံကုသပေးရေးနှင့် ဆေးရုံကုတင်များကသာ လူနာကို စောင့်ရရေး ဆိုသည်အထိ လုပ်ဆောင်နိုင်ခဲ့သဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေအတွက် အပြောင်းအလဲဖြစ်ပေါ်စေသော အားကောင်းသည့် ဆောင်ရွက်မှုဖြစ်စေခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ (Xinhua)