Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 တိုက်ဖျက်ရေးတွင် ပေးဆပ်မှုအားလုံးဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ဟု စက္ကူဖြူစာတမ်းတွင် ဖော်ပြ

“COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ” စက္ကူဖြူစာတမ်းနှင့်ပတ်သက်၍ ဇွန် ၇ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

 ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် COVID-19 ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် လူနာများအား ဆေးကုသမှုပေးရန် နှင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန်အတွက် နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း  စက္ကူဖြူစာတမ်းထဲတွင် ရေးသားဖော်ပြထားသည်။ 

“ ဝေဒနာအပြင်းအထန် ခံစားနေရသူတွေကို ခေတ်အမီဆုံး ပစ္စည်းကိရိယာတွေသုံးပြီး အတော်ဆုံးဆရာဝန်တွေနဲ့ ကုသပေးခဲ့တာပါ ၊ ပေးဆပ်မှုအားလုံးနဲ့ လူ့အသက်တွေကို ကယ်တင်ဖို့ သိပ်ကိုအရေးပါတဲ့ အထောက်အပံ့တွေပါပဲ ” ဟု တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ဝေခဲ့သည့် “COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ”စက္ကူဖြူစာတမ်းထဲတွင် ဖော်ပြထားသည်။ 

ယင်းသို့ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်နိုင်ငံ၌ COVID-19 ဖြင့် လူသေဆုံးမှုနှုန်းကို များစွာလျှော့ချနိုင်ခဲ့ကြောင်း စာတမ်းက ဆိုသည်။ထို့ပြင် ရောဂါလက္ခဏာမပြင်းထန်သူများကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်ကုသပေးနိုင်ရန်အတွက် စောလျင်စွာ ရှာဖွေဖော်ထုတ်ရေးကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း ၊ ယင်းအတွက်ကြောင့်ပင် ၎င်းတို့၏အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်ကို ထိရောက်စွာ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)