Connect with us

CHINA

WHO ၏ COVID-19 တိုက်ဖျက်ရေးကိုထောက်ကူရန် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ လှူဒါန်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်နေမှုနှင့် ဖွံဖြိုးဆဲနိုင်ငံ များတွင် ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ခြင်းတို့အတွက် ထောက်ကူရန်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံသို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံလှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) ဦးဆောင်သည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးအနေဖြင့် သိပ္ပံနည်းကျ မျှမျှတတဖြင့် တာဝန်များကို တက်တက်ကြွကြွ ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ကူညီရာတွင် ကမ္ဘာ့နိုင်ငံများအတွက် အရေးပါသည့် အခန်း ကဏ္ဍမှလုပ်ဆောင်ပေးခဲ့ကြောင်းနှင့် COVID-19 ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မတ်လက ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်မှုအတွက်  ထောက်ပံ့ရန် WHO အား အမေရိကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

WHO ထံ တရုတ်နိုင်ငံ၏ လှူဒါန်းမှုသည် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ WHO အပေါ် ထောက်ခံမှုနှင့် ယုံကြည်မှုများအား ရောင်ပြန်ဟပ်စေပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေးအတွက် ကိုယ်တိုင်ပါဝင်ထောက်ပံ့ ကူညီမှုများ ကိုလည်းပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိန်းက ဆိုသည်။ 

“တရုတ်နိုင်ငံအနေနဲ့ ကပ်ရောဂါကို အတူတကွကျော်လွှားနိုင်ဖို့ အခြားနိုင်ငံများနဲ့အတူ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန် ကူညီမှုများ ပေးအပ်ရေး၊  ဒေသတွင်းနဲ့ ကမ္ဘာ့ပြည်သူများ ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးနဲ့ ကံကြမ္မာအကျိုးတူ လူသားမျိုးနွယ်အသိုက်အဝန်း တည်ဆောက်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.