INTERNATIONAL ORGANIZATION
ကာကွယ်ဆေး သာတူညီမျှရရှိရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ကုလအကြီးအကဲ တိုက်တွန်း
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
COVID-19 ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူကုန်စည်တစ်ခုဖြစ်ရန်၊ အားလုံးအတွက် သင့်တင်မျှတစွာ ရရှိရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဖေဖော်ဝါရီ ၂၂ ရက်က အလေးထားပြောကြားခဲ့သည်။
“ကာကွယ်ဆေး သာတူညီမျှစွာရရှိမှုက လူ့အခွင့်အရေးဖြစ်သလို ကာကွယ်ဆေးကို လက်ဝါးကြီးအုပ်တာကို ငြင်းပယ်တာပဲဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ပြောခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၄၆ ကြိမ်မြောက် အစည်းအဝေးတွင် ဗီဒီယိုမိန့်ခွန်းပြောနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Volkan Bozkir အား ဖုန်းမျက်နှာပြင်မှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)
ကာကွယ်ဆေးထိုးနှံခြင်း အားထုတ်ကြိုးပမ်းမှုများတွင် သာတူညီမျှစွာရရှိစေရန် ပျက်ကွက်ခြင်းက “လူ့ကျင့်ဝတ်ကို ချိုးဖောက်ခြင်း” ဖြစ်ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံကသာ COVID-19 ကာကွယ်ဆေးအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ရရှိပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၄၆ ကြိမ်မြောက် အစည်းအဝေးတွင် ဗီဒီယိုမိန့်ခွန်းပြောနေသည့် အာဖဂန်နိုင်ငံ သမ္မတ Mohammad Ashraf Ghani အား ဖုန်းမျက်နှာပြင်မှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)
“ကပ်ရောဂါက ကျွန်တော်တို့ လူသားမိသားစုရဲ့ လူ့အခွင့်အရေး၊ အရပ်ဘက်၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး စတာတွေရဲ့ အပြည့်အဝရောင်ပြန်ဟပ်မှုတွေရဲ့ အချင်းချင်းချိတ်ဆက်မှုကို ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
COVID-19 ရောဂါဟာ ရောဂါကူးစက်လွယ်မှုများနှင့် မညီမျှမှုများ ပို၍ကြီးမားစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ ရောဂါသည် အမျိုးသမီးများ၊ လူနည်းစုများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေသခံများတွင် ဖြစ်ပွားမှုမြင့်တက်လျက်ရှိကြောင်း ဂူတာရက်စ်က အစည်းအဝေး တက်ရောက်သူများကို ပြောကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၄၆ ကြိမ်မြောက် အစည်းအဝေးတွင် ဗီဒီယိုမိန့်ခွန်းပြောနေသည့် တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu အား ဖုန်းမျက်နှာပြင်မှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)
ကျား၊ မ တန်းတူညီမျှမှုက နှစ်များစွာ နောက်ပြန်ဆွဲနေပြီး ပြင်းထန်သောဆင်းရဲနွမ်းပါးမှုက ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ကုလသမဂ္ဂ အကြီးအကဲက Human Rights Call to Action ကို ထပ်လောင်းပြောကြားခဲ့ပြီး လူမျိုးကြီးဝါဒ၊ ခွဲခြားဆက်ဆံမှုနှင့် သူစိမ်းကြောက်ခြင်းနှင့် ကျား၊ မ မညီမျှမှုကို အားလျော့သွားစေရန် ဦးတည်ထားကြောင်း ပြောခဲ့သည်။
စနစ်ကျသော လူမျိုးရေးခွဲခြားမှုဝါဒ၊ တာဝန်ယူမှုနှင့် နစ်နာမှု၊ လူမျိုးကြီးဝါဒကို ငြိမ်းချမ်းစွာဆန့်ကျင်မှုများကို တုံ့ပြန်မှုများဆိုင်ရာ တင်ပြမည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အား ၎င်းက ချီးကျူးပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသည် မတ်လ ၂၃ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်သည်။
လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ Nazhat Shameem Khan က ပါဝင်သူများအားလုံးကို ကြိုဆိုကြောင်းနှင့် အဆိုပါ ကိစ္စသည် ကောင်စီ၏ အွန်လိုင်းအစည်းအဝေး တစ်ခုလုံး၏ ပထမဖြစ်ကြောင်း ဖွင့်ပွဲအစည်းအဝေး၌ ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါသည် ကျန်းမာရေးအကျပ်အတည်းတစ်ခုတည်းသာမဟုတ်ဘဲ လူ့အခွင့်အရေး အကျပ်အတည်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တုံ့ပြန်မှုများအားလုံးကို လူ့အခွင့်အရေးအား ဗဟိုပြုကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Volkan Bozkir က ဖွင့်ပွဲအစည်းအဝေး၌ မှတ်ချက်ပြုခဲ့သည်။
ယနေ့ ကပ်ရောဂါ၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုက ပြီးဆုံးရန် လိုသေးကြောင်း၊ ရောဂါစတင် ဖြစ်ပွားစဉ်ကတည်းက စီးပွားရေး၊ လွတ်လပ်မှု၊ လူမှုအဖွဲ့အစည်းနှင့် ပြည်သူများအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachetle က ပြောခဲ့သည်။
နိုင်ငံများအနေဖြင့် COVID အလွန်ခေတ်တွင် အားလုံးပါဝင်သောစနစ်များ ပိုမိုတည်ဆောက်ရေးဖြစ်နိုင်ခြေကို ဖမ်းဆုပ်ရန် လိုအပ်ကြောင်း၊ ပိုမိုကောင်းမွန်စွာ ပြန်လည်နာလန်ထူရေး လုပ်ငန်းစဉ်တွင် ခွဲခြားဆက်ဆံမှုပုံစံတိုင်းမှ ဖယ်ရှားရေးအတွက် Bachelet က အလေးထားပြောကြားခဲ့သည်။ (Xinhua)
———————————————–
(English Version)
UN chief calls for vaccine equity at UN rights body meeting
GENEVA, Feb. 22 (Xinhua) — United Nations Secretary-General Antonio Guterres on Monday stressed that COVID-19 vaccines must be a global public good, accessible and affordable for all.
“Vaccine equity affirms human rights, vaccine nationalism denies it,” he said at the opening of the 46th regular session of the UN Human Rights Council.
The UN chief described the latest failure to ensure equity in vaccination efforts as a kind of “moral outrage,” as just ten countries have administered more than 75 percent of all COVID-19 vaccines.
“The pandemic revealed the interconnectedness of our human family — and of the full spectrum of human rights — civil, cultural, economic, political and social,” he said.
Noting that COVID-19 has deepened vulnerabilities and inequalities, Guterres told the audience that the disease has taken a disproportionate toll on women, minorities, persons with disabilities, older persons, refugees, migrants and indigenous peoples.
Progress on gender equality has been set back years, extreme poverty is rising for the first time in decades, he said.
The UN chief repeated the Human Rights Call to Action, saying that the focus will be on the blight of racism, discrimination and xenophobia, as well as gender inequality.
He commended the Human Rights Council’s decision to report on systemic racism, accountability and redress, and responses to peaceful anti-racism protests.
The UN Human Rights Council’s 46th regular session is expected to last until March 23.
Opening the session, Nazhat Shameem Khan, President of the Human Rights Council, welcomed all the participants and highlighted that this was the first almost entirely online session of the Council.
Volkan Bozkir, President of the UN General Assembly, noted at the opening of the session that the COVID-19 pandemic was not just a health crisis, but a human rights crisis, and therefore all responses must ensure that human rights were central.
Michelle Bachelet, UN High Commissioner for Human Rights, noted that today the medical impact of the pandemic was far from over, while its effects on economies, freedoms, societies, and people had only just begun.
Saying that countries need to seize the possibility to rebuild more inclusive systems in the post-COVID era, Bachelet also stressed the elimination of every form of discrimination in the process of a better recovery. Enditem
1-Photo taken on Feb. 22, 2021 in Brussels, Belgium shows a screen displaying United Nations (UN) Secretary-General Antonio Guterres delivering a video speech at the high-level meeting of the 46th session of the United Nations Human Rights Council (UNHRC) held in Geneva, Switzerland. (Xinhua/Zhang Cheng)
2-Photo taken on Feb. 22, 2021 in Brussels, Belgium shows a screen displaying United Nations (UN) General Assembly President Volkan Bozkir delivering a video speech at the high-level meeting of the 46th session of the United Nations Human Rights Council (UNHRC) held in Geneva, Switzerland. (Xinhua/Zhang Cheng)
3-Photo taken on Feb. 22, 2021 in Brussels, Belgium shows a screen displaying Afghan President Mohammad Ashraf Ghani delivering a video speech at the high-level meeting of the 46th session of the United Nations Human Rights Council (UNHRC) held in Geneva, Switzerland. (Xinhua/Zhang Cheng)
4-Photo taken on Feb. 22, 2021 in Brussels, Belgium shows a screen displaying Turkish Foreign Minister Mevlut Cavusoglu delivering a video speech at the high-level meeting of the 46th session of the United Nations Human Rights Council (UNHRC) held in Geneva, Switzerland. (Xinhua/Zhang Cheng)