Connect with us

INTERNATIONAL ORGANIZATION

ဝင်ငွေမြင့်မားနိုင်ငံများ၏ ကာကွယ်ဆေးဝယ်မှုစာချုပ်များက COVAX အစီအစဉ်ကို ထိခိုက်စေကြောင်း WHO ပြောကြား

(၇၃)ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အမှာစကားပြောကြားနေသည်ကို ၂၀၂၀ပြည့်နှစ် မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

အချို့ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီလုပ်ငန်းများအကြား ချုပ်ဆိုထားသည့် ကာကွယ်ဆေးဝယ်ယူရေး စာချုပ်များသည် WHOမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးအစီအစဉ်(COVAX)ကို ထိခိုက်စေရာ အစီအစဉ်အရ ဝယ်ယူရမည့် ကာကွယ်ဆေးပမာဏ လျော့နည်းသွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ရန်ပုံငွေလျော့နည်းခြင်းက လက်ရှိ ကိုဗစ်ကပ်ရောဂါကြီးကို တိုက်ဖျက်ရာတွင် ရင်ဆိုင်ရမည့် တစ်ခုတည်းသော စိန်ခေါ်မှုမဟုတ်ဟု တက်ဒရော့စ်က ယင်းနေ့တွင် ကျင်းပသော WHO၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အချို့ ဝင်ငွေမြင့်မားနိုင်ငံများနှင့် ကာကွယ်ဆေးထုတ်လုပ်သည့်ကုမ္ပဏီလုပ်ငန်းအကြား ချုပ်ဆိုထားသည့် စာချုပ်များက COVAXအစီအစဉ်ဖြင့် ဝယ်ယူမှုကို ထိခိုက်စေပြီး ဝယ်ယူရမည့် ကာကွယ်ဆေးပမာဏကို လျော့နည်းသွားစေကြောင်း ဆိုသည်။

ကာကွယ်ဆေးအလုံအလောက်ရှိလင့်ကစား ဝင်ငွေမြင့်မားနိုင်ငံများက ပူးပေါင်းဆောင်ရွက်ပြီး COVAXအစီအစဉ်၏ ပြီးမြောက်သွားသော၊ဝယ်ယူနေမှုအစီအစဉ်များကို မထိခိုက်အောင် လုပ်ဆောင်မှသာ ဆင်းရဲနွမ်းပါးနိုင်ငံများကို ကိုဗစ်ကာကွယ်ဆေးပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း တက်ဒရော့စ်က ဆိုသည်။ ဝင်ငွေမြင့်မားသည့်နိုင်ငံများအပါအဝင် နိုင်ငံအားလုံး ကာကွယ်ဆေးကို မျှဝေကြရန်၊ ကာကွယ်ဆေးထုတ်လုပ်မှု ကုမ္ပဏီလုပ်ငန်းများကလည်း COVAXနှင့် ဦးစားပေးစာချုပ်ချုပ်ဆိုရန်၊ ကာကွယ်ဆေးထုတ်လုပ်မှုပမာဏကို များစွာတိုးမြှင့်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါသည် နိုင်ငံအသီးသီး ပြည်တွင်းနှင့် နိုင်ငံအချင်းချင်းအကြား “ကွဲပြားခြားနားမှု၊ မညီမျှမှု၊ မမျှတမှုနှင့် ပဋိပက္ခ”များကို ပေါ်လွင်လာစေကြောင်း တက်ဒရော့စ်က ယင်းနေ့အခြားအစည်းအဝေးတွင် ပြောကြားခဲ့သည်။
သတင်းကောင်းသည် လက်ရှိ အပတ်စဉ် အစီရင်ခံချက်များအရ ကိုဗစ်ထပ်တိုးလူနာဦးရေသည် (၆)ပတ်ဆက်တိုက် ကျဆင်းလာသလို သေဆုံးသူဦးရေသည်လည်း (၃)ပတ်ဆက်တိုက် ကျဆင်းနေကြောင်း ၊ တစ်ချိန်တည်းမှာပင် နိုင်ငံအသီးသီးက လုံခြုံစိတ်ချရသည့် ကာကွယ်ဆေးများကို သုတေသနပြုထုတ်လုပ်သုံးစွဲခွင့်ပြုလျက်ရှိရာ ကပ်ရောဂါတားဆီးရေး၏ မျှော်လင့်ချက်ကို အားလုံးက မြင်နေရပြီဖြစ်ကြောင်း ဆိုသည်။

ယနေ့အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကာကွယ်ဆေး သန်း(၂၀၀)ခန့် ထိုးနှံပြီးဖြစ်သော်လည်း ၎င်းတို့အနက် အများစုမှာ အချမ်းသာဆုံးနိုင်ငံများမှဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးမျှတစွာ ဖြန့်ပေးနိုင်ရေး လက်ရှိ အရင်ဆုံးဦးစားပေးဆောင်ရွက်ရမည့် ကိစ္စကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်မိတ်ဖက်များက အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း တက်ဒရော့စ်က ထပ်မံအလေးထားပြောကြားခဲ့သည်။(Xinhua)

———————————————–
(Chinese Version)

(国际疫情)世卫组织:高收入国家疫苗采购合同有损COVAX计划

  新华社日内瓦2月22日电(记者刘曲)世界卫生组织总干事谭德塞22日表示,一些高收入国家与新冠疫苗制造商之间的采购合同有损该组织主导的“新冠肺炎疫苗实施计划”(COVAX),减少了该计划可采购的疫苗数量。

 谭德塞当天在世卫组织记者会上表示,缺乏资金并不是当前抗击新冠大流行面临的唯一挑战。一些高收入国家与疫苗制造商签订的采购合同正在破坏COVAX的交易,减少了其可以采购的疫苗数量。

  谭德塞说,即使有足够资金,但也只有在高收入国家配合且不损害COVAX已经完成和正在进行的交易的情况下,才有可能向贫困国家提供新冠疫苗。他呼吁所有国家、包括高收入国家立即分享疫苗,并呼吁疫苗制造商优先与COVAX签订合同,并大幅增加疫苗产量。

  谭德塞当天在另一场会议上说,新冠疫情暴露了各国内部和各国之间的“断层、不平等、不公正和矛盾”。好消息是目前每周报告的新增确诊病例数已连续6周下降,死亡人数连续3周下降;同时,各国正在研发和批准安全有效的疫苗,让大家看到了遏制新冠疫情的希望。

  他重申,迄今全球已经接种了约2亿剂新冠疫苗,但其中大部分发生在最富裕国家。因此,为实现疫苗公平分配这一当前“最高优先事项”,世卫组织及其合作伙伴将不遗余力。(完)

新华社照片,北京,2020年5月18日,在瑞士日内瓦世界卫生组织总部,世卫组织总干事谭德塞在第73届世界卫生大会视频会议上发表讲话。